လျှပ်စစ်ဓာတ်အား မလိုသည့် ဖုန်းအားသွင်း နည်းလမ်းသစ် Nokia တီထွင်

alt

ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်း ကုမ္ပဏီ ကြီး Nokia သည် လျှပ်စစ် မီးမရှိသည့် အချိန်တွင်ပင် ဖုန်းအား သွင်းနိုင်မည့် နည်းလမ်းသစ် တမျိုးကို တီထွင် လိုက်သည်။

ဖင်လန် အခြေစိုက် ကုမ္ပဏီကြီးသည် စက်ဘီး တမျိုးကို တီထွင်လိုက်ပြီး ယင်း စက်ဘီးကို တနာရီလျှင် (၄) မိုင်ဝန်းကျင် အမြန်နှုန်း မျှဖြင့် ဒိုင်နမို မှ လျှပ်စစ် ဓာတ်အား ထုတ်ယူကာ ဖုန်းအား သွင်းနိုင်ကြောင်း သိရသည်။ အနီးအနား သွားလာသည့် ကိစ္စများတွင် စက်ဘီးများကို ကမ္ဘာအနှံ့ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲနေဆဲ ဖြစ်ကြောင်း၊ ယခု တီထွင်မှုသည် လျှပ်စစ်မီး အခက်အခဲ ရှိသော ဒေသများ အတွက် များစွာ အသုံးဝင်မည်ဟု မျှော်လင့်ကြောင်း Nokia ၏ ဒုတိယ ဥက္ကဌ အဲလက်(စ်) လမ်းဘိ က ဆိုသည်။

Nokia က ဖုန်းအားသွင်းမှုသည် စက်ဘီးနင်းမှု အမြန်နှုန်းအလိုက် ကွဲပြားမည် ဖြစ်ပြီး တနာရီ (၆)မိုင်နှုန်းဖြင့် (၁၀)မိနစ်ကြာ အားသွင်း ထားပါက စကားပြောချိန် (၂၈)မိနစ်နှင့် Standby အချိန် (၃၇)နာရီ အတွက် လုံလောက်သော ဓာတ်အားကို ရရှိစေမည်ဟု ပြောကြားလိုက်သည်။ Nokia က အခြားသော စက်ဘီးများတွင်ပါ တပ်ဆင် အသုံးပြုနိုင်မည့် ဓာတ်အားသွင်း ကိရိယာ အငယ်စား လေးများကိုလည်း (၂၀၁၀)ခုနှစ် ကုန်ပိုင်းတွင် ကမ္ဘာတဝှမ်းသို့ ဖြန့်ချိ ရောင်းချသွားမည်ဟု ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here