ဘ​င်္ဂလား​ဒေ့​ရှ်​ နိုင်ငံ​ ​မြို့​တော်​ဒါ​ကာ​ မီး​လောင်​မှု​ ​သေ​ဆုံး​သူ​ တ​ရာ​ကျော်

alt

ဘင်္ဂလား​ဒေ့​ရှ်​ နိုင်ငံ​  မြို့တော်​ ​ဒါ​ကာ​တွင်​ ​ဇွန်​လ (​၃)​ရက်​နေ့​ ည​က​ ​ဖြစ်​ပွား​ခဲ့​သော​ ​မီး​လောင်​မှု​ကြောင့်​ ​သေ​ဆုံး​သူ​ ​အ​ရေ​အ​တွက်​မှာ​ (​၁၀​၉)​ ဦး​ ကျော်​သွား​ပြီ​ဟု​ ​သိ​ရ​သည်​။​ ​

အာ​ဏာ​ပိုင်​ များ​က​ မီး​လောင်​မှူ​ကြောင့်​ ​အ​နည်း​ဆုံး​ လူ​ပေါင်း​ (​၁၀၉) ဦး​ ​သေ​ဆုံး​ပြီး​ (​၄၀)​ ထက်​မ​နည်း​ ​ဒဏ်​ရာ​များ​ ​ရ​ရှိ​ ခဲ့​ကြောင်း​ ​အ​တည်​ပြု​ခဲ့​သည်​။​ ​ဒါ​ကာ ​မြို့​တော်​ ​အုပ်​ချုပ်​ရေး​ ​ကော်​မ​ရှင်​​ ​ဒု​တိ​ယ​ အ​ကြီး​အ​ကဲ​ ​မို​ဟီ​ဘူ​ဟာ​ကာ​ က​ အိမ်​ပေါင်း (​၉)​ လုံး​မျှ​ ​မီး​လောင်​ ကျွမ်း​ခဲ့​ပြီး​ ​သေ​ဆုံး​သူ​ ​ပ​မာ​ဏ​လည်း​ ​ထပ်​မံ​တိုး​ပွား ​လာ​နိုင်​ကြောင်း​ ​ပြော​ကြား​ သွား​ခဲ့သည်​။​

​ဆ​ရာ​ဝန်​ များ​က​လည်း​ ​ဒဏ်​ရာ ​ရ​သူ​များ​ အ​နက်​ (​၁၀) ဦး​မှ​ (​၁၂) ဦး​သည်​ ​အ​ခြေ​အ​နေ​ ​အလွန်​ ဆိုး​ကြောင်း​ ​ပြော​ဆို​ခဲ့​သည်​။​ ​ထို​နေ့​က​ ​ဒါ​ကာ ​မြို့​တော်​ဟောင်း​ ​လူ​နေ​ ရပ်​ကွက်​မှ​ ​စ​တင်​သော​ ​မီး​လောင်​ကျွမ်း​မှု​သည်​ ​ယ​ခု​ နှစ်​ပိုင်း​များ ​အ​တွင်း​ ဘ​င်္ဂလား​ဒေ့​ရှ်​တွင်​ ​အ​ဆိုး​ရွား​ဆုံး ​မီး​လည်း​ ​ဖြစ်​လာ​သည်​။​ ​မီး​လောင်​မှု​၏​ ​အ​တိ​အ​ကျ​ ​အ​ကြောင်း​ရင်း​ကို​မူ​ တာ​ဝန်​ရှိ​သူ​များ​က​ ​စုံ​စမ်း​နေ​ဆဲ​ဟု​ ​သ​တင်း​ ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here