မြောက် အိုင်ယာလန်တွင် ကင်ဆာဖြင့် ရှင်သန်နိုင်သူ အရေအတွက် များပြားလာ

alt

မြောက် အိုင်ယာလန် နိုင်ငံတွင် ကင်ဆာ ရောဂါသည် အရေအတွက် တိုးပွား လာသော်လည်း အသက် ရှင်ခွင့်ရသူ အရေအတွက်မှာ သိသိ သာသာ များပြား လာကြောင်း သုတေသန စစ်တမ်းများ အရ ဖော်ထုတ် တွေ့ရှိခဲ့သည်။

မြောက် အိုင်ယာလန် ကင်ဆာ မှတ်တမ်းဌာန (NICR) က ဘဲလ်ဖတ ်ရှိ ကွင်း တက္ကသိုလ် နှင့်အတူ စစ်တမ်း ပြုစု လေ့လာခဲ့ရာ စအိုကင်ဆာ၊ ဆီးကြိတ် ကင်ဆာနှင့် ရင်သားကင်ဆာ ဝေဒနာရှင်များ အနက် အသက်ရှင်သူ အရေအတွက် တိုးတက် များပြားလာကြောင်း သိရှိလာရသည်။ NIRC မှ ကင်ဆာ သုတေသီ ဒေါက်တာ အန်နာကေဗင် က ကင်ဆာ ကုသရေးအတွက် ကောင်းမွန်သော ဝန်ဆောင်မှုများနှင့် နည်းစနစ် အပြောင်းအလဲများက ယခု သက်ရောက်မှု အတွက် တိုက်ရိုက် အကျိုး ကျေးဇူး ဖြစ်ထွန်း စေသည်ဟု ယူဆမိကြောင်း ပြောကြားခဲ့သည်။

ရင်သား ကင်ဆာ ရောဂါသည်များ အသက်ရှင်ခွင့် ရခြင်းသည် အကြီးမားဆုံး တိုးတက်မှု အဖြစ်တည်ရှိ နေကြောင်းလည်း သိရသည်။ သို့သော်လည်း မြောက် အိုင်ယာလန်တွင် နှစ်စဥ်လူ (၃၀၀၀) မျှ ကင်ဆာရောဂါ တိုးပွားဖြစ်ပေါ် နေဆဲဟု ဒေါက်တာ အန်နာက ဆိုသည်။ မည်သို့ပင်ဖြစ်စေ ကင်ဆာရောဂါ ကုသမှုနှင့် ပတ်သက်ပြီး မြောက် အိုင်ယာလန်၏ ချဥ်းကပ် ကုသပုံ နည်းလမ်းတွင် ကောင်းမွန်သော အနေအထားမျိုး ရှိနေသည့် အတွက် ကျေနပ်စရာ ဖြစ်ကြောင်းလည်း ဒေါက်တာ အန်နာက သုံးသပ် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here