လီဗာပူးလ် ကွင်းလယ်လူ စတီဗင်ဂျာရတ် အား ခေါ်ယူရန် ရီးရဲလ် မက်ဒရစ် စတင်လှုပ်ရှား

alt

ရီးရဲလ် မက်ဒရစ် အသင်းသည် လီဗာပူး အသင်းမှ ကွင်းလယ်လူ စတီဗင် ဂျာရတ်အား ခေါ်ယူရန် စတင် လှုပ်ရှားနေပြီဟု သိရှိရသည်။

အင်္ဂလန် ကလပ်အသင်း၏ ကပ္ပတိန် လည်း ဖြစ်သည့် အသက် (၂၉) နှစ် အရွယ် အင်္ဂလန် လက်ရွေးစင်သည် စပိန်ကလပ် ရီးရဲလ်ကို နည်းပြ တာဝန် စယူလိုက်ပြီ ဖြစ်သော ဟိုဆေးမော်ရင်ညို အနှစ်သက်ဆုံး ကစားသမား တဦးလည်း ဖြစ်သည်။

ဂျာရတ်သည် လီဗာပူးအပေါ် သံယောဇဥ်ကြီးသူ တဦး ဖြစ်နေသည့်တိုင် (၂၀၀၂) ခုနှစ် နောက်ပိုင်း ဆုဖလား တခုမှ မရရှိတော့သည့် အသင်းအား စိတ်ပျက်နေပြီဟု သတင်း များက ဖော်ပြခဲ့ကြသည်။ စပိန် သတင်းစာ မာကာက လီဗာပူး နည်းပြ ရာဖေး ဘင်နီတက်စ် သည် အသင်း အတွက် ကစားသမားသစ်များ ဖြည့်တင်းရန် ငွေကြေး လိုအပ် နေသောကြောင့် ရီးရဲလ်ကသာ ဂျာရတ် အတွက် ကြေး ကြီးကြီးဖြင့် ကမ်းလှမ်း လာလျှင် လက်ခံဖွယ် ရှိနေကြောင်း သုံးသပ်နေကြသည်။

လီဗာပူးသည် ပြီးခဲ့သည့် ဘောလုံး ရာသီက ပရီးမီးယား လိဂ် အဆင့် (၇) တွင်သာ ရပ်တည် နိုင်ခဲ့ပြီး ဥရောပ ချန်ပီယံလိဂ် ဝင်ခွင့် ဆုံးရှုံးခဲ့ခြင်း နှင့်အတူ ငွေကြေး လိုအပ်မှု ကြီးကြီး မားမား ရှိနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here