အီရန် စစ်တပ်များ နိုင်ငံ ပိုင်နက်အတွင်း ကျူးကျော် ဝင်ရောက်ခဲ့ဟု အီရတ်ပြော

alt

အီရန်နိုင်ငံမှ စစ်တပ်များသည် ဇွန်လ (၁) ရက်နေ့က မိမိတို့ နိုင်ငံ ပိုင်နက်အတွင်း ကျူးကျော် ဝင်ရောက် ခဲ့ကြောင်း အီရတ် အစိုးရက ပြောကြားလိုက်သည်။

ဒူဘိုင်း အခြေစိုက် အာရေဗျ သတင်းဌာနက အီရန် တပ်များသည် ကာဒစ်စတန်ကို ဖြတ်ကျော်ကာ အီရတ် ပိုင်နက်ထဲသို့ (၅) ကီလိုမီတာ ဝင်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းမတိုင်မီ နှစ်ရက်က အီရန်ဖက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခြင်းကြောင့် ကာဒစ်ရှ် မြောက်ပိုင်း ဒေသတွင် (၁၄) နှစ်အရွယ် မိန်းကလေး တဦး သေဆုံးကြောင်း လည်း အီရတ်က စွပ်စွဲထားသည်။ အီရန် တပ်များသည် ကာဒစ်စတန် လွတ်လပ်သော ဘဝ အမည်ရှိ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် ပါတီအား တိုက်ခိုက်နေမှုကို အကြောင်းပြပြီး အီရန်နှင့် အီရတ် နယ်နိမိတ်အနီး စစ်ချီမှုများ မကြာခဏ ပြုလုပ်လေ့ ရှိသည်။

အီရန် စစ်တပ်၏ သူပုန်များအပေါ် ဦးတည် ပစ်ခတ်မှုကြောင့် အဆိုပါဒေသမှ မိသားစုပေါင်း (၂၂၀)ကျော်သည် နေရပ်ကို စွန့်ခွာထွက်ပြေး ခဲ့ရကြောင်းလည်း သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here