အိမ်ခန်း သန့်ရှင်းရေး ခိုင်းချင်စဖွယ် ထူးထူးဆန်းဆန်း ဝန်ဆောင်မှု

alt

အမေရိကန်နိုင်ငံ၊ နီဘရာစကားရှိ အိုမာဟာ ဒေသမှ အမျိုးသမီး တဦးသည် ထူးထူးဆန်းဆန်း အိမ်ခန်း သန့်ရှင်းရေး ဝန်ဆောင်မှု တခုကို စတင် လိုက်ကြောင်း သိရှိရသည်။

သူမသည် အိမ် သန့်ရှင်းရေး ဝန်ဆောင်မှုတွင် ဝတ်စုံ (၃)မျိုး စိတ်ကြိုက် ရွေးချယ်မှာယူ နိုင်မည်ဖြစ်ပြီး ယင်းတို့မှာ အပေါ်ပိုင်း ဗလာ၊ အောက်ပိုင်း ဗလာနှင့် လုံးဝ ဝတ်လစ်စားလစ်တို့ ဖြစ်သည်ဟု ဆိုသည်။ အသက် (၂၇)နှစ် အရွယ် ကီယာကာရိုးက သူမ တည်ထောင် ထားသည့် ODD’Z & EN’Z အမည်ရှိ အိမ် သန့်ရှင်းရေး ဝန်ဆောင်မှုသည် အိမ်အား တောက်ပြောင် သန့်ရှင်း စေရုံမျှမက အခြားသော သာယာမှုများလည်း ရရှိစေမည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ကာရိုးက သူမသည် ပြည့်တန်ဆာ တဦး မဟုတ်ကြောင်း ငြင်းဆို ထားသည်။

ကာရိုး၏ အဆိုအရ သူမ၏ လုပ်ငန်းမှာ ဖျော်ဖြေရေး ဝန်ဆောင်မှု တခုဟု သတ်မှတ် နိုင်မည်ဟု သိရှိရသည်။ သူမ၏ သန့်ရှင်းရေး ဝန်ဆောင်မှုမှာ လုံးဝ အဝတ်အစား မပါလျှင် (၁၂၅) ဒေါ်လာ ပေးရပြီး ထို့ထက်ပိုသော ကျေနပ်ဖွယ်ရာများ ခံစား ရရှိရန်ဆိုလျှင် (၁၇၅) ဒေါ်လာ ကျသင့်မည်ဟု ဆိုသည်။ နီဘရားစကား ဥပဒေအရ ဝတ်လစ်စားလစ် ဖြင့် ဝန်ဆောင်မှု ပေးခြင်းကို တားမြစ် ထားသော်လည်း ကာရိုး ကမူ သူမ၏ လုပ်ငန်းမှာ အဆင်ပြေမည်ဟု မျှော်လင့်ထားသည်။

သူမသည် သန့်ရှင်းရေး အိမ် အကူအဖြစ် (၂)နှစ်ကြာ လုပ်ကိုင်ဖူးပြီး ယခု ဝန်ဆောင်မှုမှာ လုပ်ငန်း အတွက် ပိုမို ကောင်းမွန်သည့် အလှည့်အပြောင်း ဖြစ်စေမည်ဟုလည်း ကာရိုးက ယုံကြည် နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here