Google Chrome OS အား ယခု နှစ်ကုန်ပိုင်းတွင် ထုတ်ဝေသွားဖွယ်

alt

Google သည် ၎င်းတို့၏ ကွန်ပျူတာ Operating System အသစ် ဖြစ်သော Chrome ကို ယခု နှစ် ကုန်ပိုင်းတွင် ထုတ်ဝေ သွားဖွယ် ရှိနေကြောင်း သိရသည်။

ယင်း OS အသစ်သည် ကနဦး အနေနှင့် Laptop အသုံးပြုသူများ အတွက် ရည်ရွယ် ထားကြောင်း Google ကဆိုသည်။

Chrome OS သည် စတုတ္ထ (၄) လပါတ် ကာလ အတွင်း စတင် ဖြန့်ချီ နိုင်မည်ဟု Google၏ ထုတ်ကုန်ဌာန ဒုတိယမန်နေဂျာ ဆွန်ဒါပီချာအီက ပြောကြားခဲ့သည်။ ထိုင်ပေတွင် ကျင်းပ နေသည့် Computex ပြပွဲတွင် ဆွန်ဒါက ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။ Google သည် ယင်း OS အတွက် Online စတိုးတခု ကိုလည်း စီစဥ်ပေးမည် ဖြစ်ပြီး Laptop သုံးစွဲသူ များသည် အဆိုပါ စတိုးမှ Appalication များကို Download ရယူကာ OS အတွင်း အလွယ်တကူ သုံးစွဲနိုင်မည်ဟု Google က ပြောကြားထားသည်။

နှစ်ကုန်ပိုင်းတွင် Chrome OS ထည့်ထားသည့် (၁၀)လက်မနှင့် (၁၂)လက်မ အရွယ် Laptop များ ဈေးကွက်အတွင်း ရောက်ရှိလာနိုင်ကြောင်း ဆွန်ဒါက ဆိုသည်။ Google သည် ရေရှည်တွင် Microsoft ၏ ထုတ်ကုန်ဖြစ်သည့် Windows OS များနှင့် ယှဥ်ပြိုင် သွားနိုင်ရန် ရည်ရွယ်ကာ Chrome OS အား တီထွင် ဖန်တီးခဲ့ခြင်း ဖြစ်ပြီး အခမဲ့ စံနစ်ဖြင့် အသုံးပြုခွင့် ပေးသွားဖွယ် ရှိနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here