ပါကစ္စတန်သို့ ဦးတည်လာသည့် မုန်တိုင်းကြောင့် ပြောင်းရွှေ့မှုများ ပြုလုပ်ကြရ

alt

ဇွန်လ (၃)ရက်နေ့တွင် ပါကစ္စတန်သို့ ဦးတည်လာသည့် ဆိုင်ကလုန်း မုန်တိုင်း ဖက် (Phet) ကြောင့် လူ အများအပြားကို ဘေးလွတ်ရာသို့ စတင်ရွှေ့ပြောင်း ပေးနေရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ဖက်သည် ပါကစ္စတန် ကမ်းခြေသို့ တနာရီ ရေမိုင် (၁၄၃)မိုင်နှုန်းဖြင့် ရွေ့လျား လာနေကြောင်း သိရသည်။

မုန်တိုင်းသည် မွန်းတည့်ချိန်တွင် ကမ်းခြေနှင့် ကီလိုမီတာ (၈၀၀)အကွာသို့ ရောက်ရှိ နေပြီ  ဖြစ်သည်။ အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး အာဏာပိုင် အဖွဲ့ (NDMA) မှ ဒါရိုက်တာ ဖြစ်သူ နာဒင်း အာမက်က ဘယ်လိုချီစတန် ဒေသတွင် ရေကြီးမှုနှင့် လေပြင်း တိုက်ခိုက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ ကရာချိမြို့တွင်လည်း လေပြင်းကြောင့် ကြော်ငြာ ဆိုင်းဘုတ်ကြီးများ ပြုတ်ကျမှုများ ရှိလာ နိုင်သဖြင့် နီးစပ်ရာ ဒေသခံများကို ဘေးကင်းရာ ရွှေ့ပြောင်း  ပေးထားရကြောင်း ပြောကြားခဲ့သည်။

မုန်တိုင်းသည် လာမည့် (၂၄)နာရီအတွင်း ကုန်းတွင်းဝင်ဖွယ် ရှိနေပြီး အပြင်းထန်ဆုံး တိုက်ခတ်ခဲ့သည့် တနာရီလျင် (၁၀၀)ကီလိုမီတာ နှုန်းမှ အတန်ငယ် ကျဆင်း လာပြီဟုလည်း သိရသည်။ မုန်တိုင်းကြောင့် အမြင့် (၈)ပေမျှရှိသော လှိုင်းလုံးများ ဖြစ်ပေါ် လာနိုင်သလို မိုးသည်းထန်စွာ ရွာသွန်းရာမှ မြေပြိုမှုများ ပေါ်ပေါက် လာမည်ကို တာဝန်ရှိသူ များက စိုးရိမ်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here