ဇနီးသည်အား ရိုက်နှက်မှုဖြင့် ဟောလီးဝုဒ် မင်းသား ချားလီရှင်း ထောင်ဒဏ် ချမှတ်ခံရ

alt

တရားလို ရှေ့နေများနှင့် ညှိနှိုင်းပြီး နောက် ဇနီးသည် အား ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှု အတွက် ဟောလီးဝုဒ် မင်းသား ချာလီရှင်းမှာ ထောင်ဒဏ် (၁) လ ကျခံရန် လက်ခံဖွယ် ရှိနေကြောင်း သိရှိရသည်။

ဇနီးသည် ဘရွတ်မူလာအား ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက အက်စပန်ရှိ အပန်းဖြေ နေအိမ်တွင် တိုက်ခိုက်ခဲ့မှု အတွက် ရက်ပေါင်း (၃၀) ထောင်ဒဏ် ကျခံရန် အသက်(၄၄)နှစ်ရှိ မင်းသားက စဥ်းစားနေပြီး ကောင်းမွန်စွာ နေထိုင်ပါက ၎င်းသည် (၁၅) ရက်နှင့် ပြန်လွတ်မည် ဖြစ်သည်။

လာမည့် သီတင်းပါတ် အတွင်း တရားရုံးတွင် ပြစ်ဒဏ်ကို ဝန်ခံ ထွက်ဆိုပါက ထောင်ဒဏ် ရက် (၃၀) သာ ချမှတ်ရန် အစိုးရ ရှေ့နေများက မင်းသား ရှင်း အား ကမ်းလှမ်းထားသည်။ ၎င်းသည် ထောင်ဒဏ်အပြင် ဒေါသထိန်းချုပ်မှု ပညာပေး သင်တန်းကို (၃၆) နာရီကြာ လည်း တက်ရောက်ရမည် ဖြစ်သည်။

ရှင်း သည် ၎င်း၏ဇနီးအား လည်မျိုတွင် ဓားထောက်ကာ ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်ပြီး ထိုကိစ္စကို ဖေဖော်ဝါရီလက တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။ အက်စပန် တရားရုံး၏ အဆိုအရ ယင်းပြစ်မှု အတွက် အများဆုံး ထောင်ဒဏ် ၃)နှစ်ထိ ချမှတ်နိုင်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here