အတိုက်အခံတို့၏ အယုံအကြည်မရှိ အဆို တင်သွင်းမှုမှ အဘီဆစ် လွတ်မြောက်

alt

အတိုက်အခံတို့၏ အယုံအကြည် မရှိ အဆို တင်သွင်းမှုတွင် ထိုင်း ဝန်ကြီးချုပ် အဘီဆစ် ဝိချာချီဝ ဖက်မှ အောင်မြင်မှု ရရှိသွားကြောင်း သိရှိရသည်။

မဟာမိတ် တို့၏ ကက်ဘိနက် အတွင်း မြဲမြဲမြံမြံ ရပ်တည်မှု နှင့်အတူ မဲခွဲ ဆုံးဖြတ်မှုတွင် အဘီဆစ်က (၂၄၆-၁၈၆) ဖြင့် အနိုင်ရကာ အယုံအကြည် မရှိအဆိုကို ပယ်ချ လိုက်နိုင်သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်၏ လောင်းရိပ်မကင်းသည့် ပွာထိုင်း ပါတီက ဦးဆောင်ကာ မေလ (၁၉)ရက်နေ့ တပ် အင်အားသုံးကာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှု များအား ဖြိုခွင်းမှုကို လူ့အခွင့်အရေး ဖောက်ဖျက်မှုအဖြစ် အယုံအကြည်မရှိ အဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ထိုင်းအစိုးရသည် ယင်းကိစ္စအတွက် လွတ်လပ်သော စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခွင့် ပေးသွားမည်ဟု ပြောဆိုထားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကလည်း အဆိုပါ စစ်တပ်အင်အားဖြင့် အရေးယူ ဆောင်ရွက်မှု များအတွက် ထိုင်းအစိုးရ အကူအညီဖြင့် စစ်ဆေးမှုများ ပြုလုပ် သွားမည်ဟု ကြေညာထားသည်။ ပွာထိုင်း ပါတီသည် ထိုင်းနိုင်ငံရေးတွင် အင်အား ကြီးမားသော အဖွဲ့အစည်း တခုဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် အမတ်နေရာ အမြောက်အမြား ရရှိအောင် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here