ဗြိတိန်တွင် နျူထိပ်ဖူး ၂၂၅ ခု ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီး ထုတ်ဖော်ပြောဆို

alt

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟော့က နိုင်ငံအတွင်း သိုမှီးထားသည့် နျူကလီးယား ထိပ်ဖူး စုစုပေါင်း အရေအတွက်မှာ (၂၂၅) ခု ရှိကြောင်း ထုတ်ဖော် ပြောကြား လိုက်သည်။ ၎င်းက ထိပ်ဖူး အရေအတွက်ကို ထပ်မံ တိုးမြှင့်ရန် အစီအစဥ် မရှိကြောင်းနှင့်

အသင့်ပစ်လွှတ်နိုင်ရန် စီစဥ်ထားသော ပမာဏကိုလည်း ကန့်သတ် ထားမည် ဖြစ်ကြောင်း ပြောဆို သွားသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗြိတိန်တွင် အနုမြူထိပ်ဖူး အခု (၄၀) စီ တင်ဆောင်ထားသော တိုက်ခိုက်ရေး ရေငုပ်သင်္ဘော (၄) စင်းရှိကြောင်း ဝန်ခံ ထားခဲ့သေးသည်။ သို့သော်လည်း ထိပ်ဖူး အရေအတွက် မည်မျှထိ ရှိကြောင်းကိုမူ အတိအကျ မကြေညာဘဲ လျှို့ဝှက် ထားခဲ့သည်။ ယခု ကြေညာချက် အရ ကျန်ရှိသော ထိပ်ဖူး (၆၅) ခုကို မည်သည့် အခြေအနေတွင် ထားရှိကြောင်းကိုလည်း မသိရသေးချေ။ ဟော့က ဗြိတိန်အစိုးရအနေနှင့် လက်ရှိပိုင်ဆိုင်ထားသော နျူကလီးယား ထိပ်ဖူးများနှင့် ပတ်သက်ပြီး ပိုမိုအသေးစိတ်ကျသည့် အချက်အလက်များကို သင့်တော်သည့် အချိန်တွင် ကြေညာသွားမည်ဟု ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး လီယမ်ဖော့စ်ကလည်း နိုင်ငံ၏ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ပွင့်လင်းစွာ ကြေညာနိုင်မည့် အနေအထားမျိုးကို အမြဲကြိုဆိုသော်လည်း လိုအပ်သည့် သုံးသပ်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ပြောဆိုသွားသည်။ ဗြိတိန်၏ စစ်ရေးမဟာမိတ် အမေရိကန်သည် ထိပ်ဖူးပေါင်း (၅၁၁၃)ခု ရှိနေကြောင်း ကြေညာထားပြီး ထောင်နှင့်ချီသော ထိပ်ဖူးများကို ဖျက်သိမ်းရန် စီစဥ်နေကြောင်း အတည်ပြုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here