မင်းသားရောဘတ်ဒေါင်နီနှင့် တွဲဖက် သရုပ်ဆောင်ရခြင်း အတွက် စကားလက် ဂျိုဟန်ဆန် ကျေနပ်နေ

alt

ဟောလီးဝုဒ် မင်းသမီး စကားလက် ဂျိုဟန်ဆန်က မင်းသားရောဘတ်ဒေါင်နီ ဂျူနီယာနှင့် တွဲဖက်သရုပ်ဆောင်ခွင့် ရခဲ့ခြင်းသည် ဘုရား သခင်ပေးသော ဆုလာဘ် တစ်ခုဖြစ်ကြောင်း တင်စား ပြောဆိုခဲ့သည်။

Iron Man 2ဇာတ်ကားတွင် ဒေါင်နီနှင့်အတူ တွဲဖက်ပါဝင်ခွင့် ရခဲ့သည့် အသက်(၂၅)နှစ်အရွယ် မင်းသမီးက ဒေါင်နီသည် အလွန်ကူညီတတ်ပြီး အထင်ကြီးလောက်သော အရည်အသွေးရှိသူဟု ချီးကျူးခဲ့သည်။ ထို့အပြင် ၎င်းကဲ့သို့ ပုဂ္ဂိုလ်မျိုးနှင့် တွဲ၍ အလုပ်လုပ်ရသူတိုင်း ပျော်ရွှင် ကြမည်သာဖြစ်ကြောင်း၊ ဒေါင်နီသည် ဘုရားသခင်က လက်ဆောင် အဖြစ် ချီးမြှင့်ထားသည့် ဖော်ရွေသူ အနုပညာရှင် တစ်ဦးဖြစ်ကြောင်း စကားလက်က မှတ်ချက်ပြုသွားသည်။

စကားလက်နှင့်အတူ Iron Man 2တွင် ပါ၀င်ခဲ့သည့် မင်းသမီး ဂွင်းနက်ပက်ထရိုကလည်း သူမသည် စကားလက်အား ချစ်ခင်မိကြောင်း ပြောကြား ခဲ့သည်။ စကားလက်သည် ဟာသ ဉာဏ်ရွှင်ပြီး တစ်ခါတစ်ရံ ညစ်ကျယ်ကျယ်နိုင်သော်လည်း ချစ်စရာကောင်းကြောင်း၊ ထို့အပြင် ဟင်းချက်လည်း အလွန် ဝါသနာပါသူဖြစ်ကြောင်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here