စစ်မှုထမ်း၁၁ဦးကိုလက်ထပ်ကာ ပိုက်ဆံ ခိုးယူသွားသည့် အမျိုးသမီး

alt

အမေရိကန်မှ ရဲများသည် စစ်မှုထမ်း (၁၁) ဦးကို လက်ထပ်ပြီး ၎င်းတို့၏ ပိုက်ဆံများအား ခိုးယူ ထွက်ပြေး သွားသည့် အမျိုးသမီး တစ်ဦးကို လိုက်လံ စုံစမ်းနေကြောင်း သိရသည်။ ဘော်ဘီအန်းဖီလီသည် နှစ်ပေါင်း (၂၀) အတွင်း

စစ်သားများကို အယုံသွင်းလက်ထပ်ကာ ပစ္စည်းခိုးယူ ထွက်ပြေးသည့် တရားခံအဖြစ် ယုံကြည်ရသော အနေအထားတွင် ရှိနေကာ ယခုအခါ ဝါရှင်တန်၊ နီဘရာစကာနှင့် တက္ကဆက်တို့တွင် သူမအား ဝရမ်းထုတ်ထားလိုက်ပြီဟုဆိုသည်။

သူမ၏ ချဥ်းကပ်ပုံ နည်းလမ်းများမှာ သွေးအေးပြီး ရိုးရှင်းကြောင်း ကိုယ်တွေ့ခံခဲ့ရသူများက ပြောကြားခဲ့သည်။ သူမသည် မရိန်းတပ်မှ ကော်ပိုရယ် ဂျင်နရယ် တစ်ဦး၏ သမီးဖြစ်ကြောင်း၊ သူမတွင် အမွေခံစားခွင့် အမြောက်အမြားရှိသော်လည်း လက်ထပ်ပြီးမှ ယင်းတို့ကို ပိုင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောဆိုကာ စည်းရုံးမှုများ ပြုလုပ်ခဲ့ခြင်းဟု သိရသည်။

ဘော်ဘီသည် ထိုကဲ့သို့ လှုပ်ရှားမှုများကို (၁၉၉၃)ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဟု ရဲတပ်ဖွဲ့ကဆိုသည်။ (၁၉၉၈)က သူမနှင့် လက်ထပ်ဖူးသည့် ရှိန်းချိမန်းက သူမနှင့် လက်ထပ်ပြီး တစ်ပါတ်အကြာတွင် ပစ္စည်းများကိုယူကာ ထွက်ပြေးသွားကြောင်း ပြောကြားခဲ့သည်။ တပ်ထိန်းရဲများက နောက်ပိုင်းတွင် ချိမန်းအား ၎င်းကဲ့သို့ ခံလိုက်ရသူများ ရှိနေသေးကြောင်း အသိပေးခဲ့သည်။ ဘော်ဘီအား ရဲတပ်ဖွဲ့က ယခုတိုင် ခြေရာခံ ရှာဖွေနေဆဲဖြစ်ကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here