အမေရိကအလယ်ပိုင်းတွင် မီးတောင်ပေါက်ကွဲပြီး မုန်တိုင်း တိုက်ခတ်

alt

အမေရိက အလယ်ပိုင်း ဒေသတွင် တိုက်ခတ် သွားသည့် အပူပိုင်း မုန်တိုင်းနှင့် မီးတောင်  ပေါက်ကွဲမှုများကြောင့် ဂွာတီမာလာ နိုင်ငံတွင် နိုင်ငံတကာ အထောက်အပံ့များ လိုအပ် နေပြီ ဖြစ်ကြောင်း

သမ္မတ အယ်ဗာရိုကိုလွမ်က ဝန်ခံ ပြောကြား လိုက်သည်။

ပြီးခဲ့သည့် သီတင်းပါတ်ကုန်က အပူပိုင်း မုန်တိုင်း အေဂါသာ ဝင်ရောက် တိုက်ခိုက်ခြင်းနှင့် ပါကာယာ မီးတောင် ပေါက်ကွဲခြင်းများကြောင့် လူပေါင်း ဒါဇင်နှင့်ချီ သေဆုံးကြောင်း သိရသည်။ ကိုလွမ်က ဂွာတီမာလာ စီးတီး မြို့တော်မှ တောင်ဖက်(၄၅)ကီလိုမီတာ အကွာတွင်ရှိသော မီးတောင်သည် မေလ (၂၇) ရက်နေ့ ပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက် ယခုအခါ အရှိအဟုန် လျော့ကျစ ပြုနေပြီဟု ပြောဆိုခဲ့သည်။ ကိုလွမ်က မုန်တိုင်းသည် အပူပိုင်း မုန်တိုင်း အဆင့်သာ သတ်မှတ်ထားသော်လည်း မိုးရွာသွန်းမှု အလွန်များပြီး လေတိုက်နှုန်းလည်း ပြင်းထန်ကြောင်း မှတ်ချက်ပြုခဲ့သည်။

 သဘာဝဘေးဆိုး နှစ်ခုအတွင်း ဂွာတီမာလာတွင် အနည်းဆုံးလူပေါင်း (၈၃)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း သတင်းများကဆိုသည်။ ထို့အပြင် မီးတောင်ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် ပြာများကြောင့် ဂွာတီမာလာစီးတီး လေဆိပ်ကိုပါ ပိတ်ထားရသဖြင့် နိုင်ငံတကာ ထောက်ပံ့မှုများ ပြုလုပ်ရာတွင် အခက်အခဲ ရှိနိုင်ကြောင်းလည်း သိရသည်။ လောလောဆယ်တွင် မက္ကစီကိုနှင့် ဆယ်ဗာဒိုရီယန် နိုင်ငံများက ၎င်းတို့၏ လေဆိပ်တစ်ခုစီကို ဂွာတီမာလာအတွက် အထောက်အပံ့ ပစ္စည်းများ တင်ပို့ရန်အတွက် အသုံးပြုခွင့် ပေးထားသည်။

မုန်တိုင်းတိုက်ခတ်မှုကို ဂွာတီမာလာ၏ အိမ်နီးချင်း ဟွန်ဒူးရပ်နိုင်ငံလည်း ကြံုတွေ့ခဲ့ရပြီး အနည်းဆုံး လူ(၄)ဦး သေဆုံးသွားကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here