ရင်သားကင်ဆာ ကာကွယ်ရေးဆေးဝါးသစ် ကြွက်များတွင် စမ်းသပ်အောင်မြင်မှုရ

alt

ရင်သားကင်ဆာရောဂါကို ကာကွယ်နိုင်မည့် ဆေးဝါးတစ်မျိုးကို စမ်းသပ်ရာ အောင်မြင်မှုများ ရရှိနေပြီဟု သိရသည်။ ယင်းဆေးဝါးသည် ကြွက်များတွင် စမ်းသပ်မှုအရ ရင်သားကင်ဆာကို

ရာနှုန်းပြည့် ဟန့်တားထားနိုင်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ကလီဗာလန်း ဆေးဝါးသုတေသနဌာနမှ ပညာရှင်များက ယင်းနှင့်အလားတူ ရလဒ်မျိုးကို လူသားများတွင် ဖော်ဆောင်နိုင်ရန် မျှော်လင့်နေကြသည်။ အဆိုပါ ကာကွယ်ဆေး ထိုးထားသော ကြွက်များနှင့် ဆေးမထိုးထားသော ကြွက်များတွင် ရင်သားကင်ဆာ ရောဂါပိုးကို ထည့်သွင်းပေးခဲ့ရာ ဆေးထိုးထားသော ကြွက်တစ်ကောင်မျှ ရောဂါမဖြစ်သော်လည်း ကျန်ကြွက်များအားလုံးတွင် ရောဂါဖြစ်ပေါ်လာသည်ကို တွေ့ရှိခဲ့ရကြောင်း ဒေါက်တာဗင်းဆင်တူဟိုင်က ရှင်းပြခဲ့သည်။

ယင်းဆေးဝါးကို လူသားများတွင် စတင်စမ်းသပ် ထိုးနှံမှုများ မကြာမီ ပြုလုပ်သွားမည်ဟု ဒေါက်တာတူဟိုင်က ပြောကြားခဲ့သော်လည်း ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရောင်းချရန်မှာ နှစ်နှင့်ချီ ကြာမြင့်ဖွယ် ရှိနေသေးကြောင်းလည်း သိရသည်။ ထို့အပြင် ဆေးဝါး၏ အာနိသင်မှာ ကြွက်များတွင် စမ်းသပ်အောင်မြင်ခဲ့သည့်အတိုင်း လူသားများတွင် ပြည့်ပြည့်ဝဝ သက်ရောက်ခြင်း ရှိမရှိကို ပညာရှင်များက သံသယဖြစ်နေဆဲဟုသိရသည်။

ရင်သားကင်ဆာ ရောဂါသည် ကမ္ဘာတဝှမ်းတွင် အမျိုးသမီးများအား ကြီးကြီးမားမား ခြိမ်းခြောက်နေသည့် ရောဂါဆိုးကြီးတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here