နှစ်လမပြည့်မီမှာပင် Apple iPad အလုံးရေ ၂သန်း ရောင်းချပြီးဖြစ်

alt

Appleကုမ္ပဏီထုတ် Tabletကွန်ပျူတာ အမျိုးအစား iPadမှာ စတင်ရောင်းချပြီး​ နှစ်လမပြည့်မီ အလုံးရေ (၂)သန်းကျော် ရောင်းချလိုက်နိုင်ပြီဟု သိရသည်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား အခြေစိုက် ကုမ္ပဏီကြီးသည်

iPadကို ဥရောပနှင့် အာရှတွင် မေလ(၂၈)ရက်နေ့က စတင်ရောင်းချခဲ့သည်။ ယင်းကို အမေရိကန် ပြည်ထောင်စုတွင် ဧပြီလ (၃)ရက်နေ့ကတည်း စတင်ရောင်းချပြီးဖြစ်သည်။

iPadသည် (၂၈)ရက်အတွင်း အလုံးရေ (၁)သန်းကျော် ရောင်းချနိုင်သည့် စံချိန်ဟောင်းကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ယခုအခါ နိုင်ငံတကာ ဈေးကွက်တွင်ပါ ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် (၂၀၁၀)ခုနှစ် ကုန်ဆုံးချိန်တွင် ကမ္ဘာတဝှမ်း iPadအလုံးပေါင်း (၇.၆)သန်းထိ ရောင်းချနိုင်ရန် Appleက မျှော်လင့်ထားသည်။

ပြီးခဲ့သည့် သီတင်းပါတ်က ဩစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ စပိန်၊ ဆွစ်ဇာလန်နှင့် ဗြိတိန်တို့တွင် iPadအား စတင်ရောင်းချခဲ့ရာ အကြီးအကျယ် ရောင်းပန်းလှခဲ့သည်။ iPadကို ဇူလိုင်လကုန်တွင် အခြား(၉)နိုင်ငံသို့ တင်ပို့ရောင်းချသွားမည်ဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ရောင်းချမှုကို ယခုနှစ်ကုန်ပိုင်းတွင် စတင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here