တစ်နေ့လျှင် စီးကရက်အလိပ်​ ၄၀​ သောက်သည့် ၂ နှစ် အရွယ် ကလေးငယ်

alt

ဆေးလိပ်သောက်ခြင်းသည် သက်လတ်ပိုင်း အရွယ်တွင်ပင် ကျန်းမာရေး အတွက် ဆိုးရွားမှုများ ကြံုတွေ့နေကြောင်း လက်ခံ ထားကြပြီး ဖြစ်သည်။ ထို့ကြောင့်လည်း အသက် (၂) နှစ်အရွယ် ကလေးငယ် တစ်ဦးသည်

တစ်နေ့လျှင် စီးကရက် အလိပ် (၄၀) ထိ သောက်နေခြင်းမှာ အံ့ဩ စိတ်ပျက်စရာ ကိစ္စ တစ်ခု ဖြစ်လာခဲ့သည်။

အာရစ်ရာဇယ်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး စိုးရိမ်စရာ ဖြစ်နေသလို ယင်း ကလေးငယ်သည် ယခုအခါ ကိုယ့်ကိုယ်ကိုယ် နေရာရွှေ့ရန်ပင် ခက်ခက်ခဲခဲ ကြိုးစားနေရကြောင်း သိရသည်။ ကိုယ်အလေးချိန် (၄) စတုံရှိသည့် အင်ဒိုနီးရှား ကလေးငယ်သည် အခြားရွယ်တူ ကလေးများကဲ့သို့ ပြေးလွှား ဆော့ကစားနိုင်သည့် ကြံ့ခိုင်မှုမျိုးလည်း မရှိရှာပေ။

ကလေးငယ်၏ မိခင်ဖြစ်သူ အသက်(၂၆)နှစ်အရွယ် ဒီယာနာက အာရစ်သည် ဆေးလိပ်မသောက်ရပါက အလွန် ဒေါသကြီးစွာ တုန့်ပြန်ပြီး ခေါင်းကိုနံရံနှင့် တိုက်လေ့ရှိကြောင်း၊ ထို့အပြင် ဆေးလိပ် မသောက်ရခြင်းကြောင့် ဆိုးဆိုးရွားရွား အခံရခက်သည်ဟု အော်ညည်း နေတတ်ကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှား အာဏာပိုင်များက အာရစ်အား ဆေးလိပ်ဖြတ်အောင် စွမ်းဆောင်နိုင်ပါက မိသားစု အတွက် ကားအသစ် တစ်စင်း ဝယ်ပေးမည်ဟု မက်လုံး ပေးထားသော်လည်း ကလေးငယ်၏ ဆေးလိပ်စွဲနေသော အကျင့်ကို မည်သို့ ဖယ်ရှားရမှန်း မိသားစု ကလည်း မစဥ်းစားနိုင်ပေ။

အင်ဒိုနီးရှား တောင်ပိုင်း ဆူမားတြားရှိ မူဆီဘေယူဆီတွင် နေထိုင်သော မိသားစုသည် ကလေး၏ ဆေးလိပ်ဖိုးအဖြစ် တစ်နေ့လျင် (၅.၅) ဒေါ်လာ ကုန်ကျမှုရှိသည်။ ငါးရောင်းသည့် ဖခင်ဖြစ်သူ မိုဟာမက်ကမူ သားငယ်၏ ကျန်းမာရေး အတွက် စိတ်မပူကြောင်း ပြောကြားခဲ့သည်။ လေ့လာမှုများအရ အင်ဒိုနီးရှားမှ (၃)နှစ်နှင့် (၁၅) နှစ်ကြား ကလေးငယ် စုစုပေါင်း (၂၅) ရာခိုင်နှုန်းသည် ဆေးလိပ်နှင့် အလွန် နီးစပ်မှု ရှိနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here