ကမ္ဘာပေါ်တွင် ဗီယင်နာမြို့မှာ နေချင်စရာအကောင်းဆုံးဖြစ်

alt

ကမ္ဘာပေါ်တွင် နေထိုင်ရန် အကောင်းဆုံး မြို့များစာရင်းကို ကောက်ခံခဲ့ရာ ဗီယင်နာက နံပါတ်(၁)ချိတ်ခဲ့ကြောင်း သိရသည်။ ဩစတြီးယားနိုင်ငံ၏ မြို့တော်သည် နယူးယောက်နှင့် လန်ဒန်တို့ထက်

လူနေမှုဘဝအတွက် ကောင်းမွန်သော ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးနိုင်ပြီး အီရတ်မှ ဘဂ္ဂဒက်မှာမူ အဆိုးဆုံးအဆင့်မှ ရပ်တည်နေကြောင်း သိရသည်။

(၂၀၁၀)ခုနှစ်၏ နေချင်စရာ အကောင်းဆုံး မြို့များစာရင်းတွင် ဗီယင်နာနောက်မှ ဆွစ်ဇာလန်၏ ဇူးရစ်မြို့နှင့် ဂျီနီဗာမြို့၊ ကနေဒါ၏ ဗင်ကူးဗားနှင့် နယူးဇီလန်၏ အုက္ကလန်တို့က အသီးသီး အစဥ်လိုက် ရပ်တည်နေကြသည်။ Mercerမှ ပြုလုပ်သော စစ်တမ်းအရ ကမ္ဘာ့အကြီးဆုံး မြို့များအနက် ပဲရစ်သည် အဆင့်(၃၄)၊ လန်ဒန်က (၃၉)၊ တိုကျိုက (၄၀)၊ မက်ဒရစ်က (၄၈)နှင့် နယူးယောက်က (၄၉)တို့တွင် ရပ်တည်နေကြောင်း သိရသည်။ Mercerသည် မြို့များ၏ လူနေမှုစနစ်၊ သာယာဝပြောမှုနှင့် လုံခြံုမှု အခြေအနေတို့ကို Category (၁၀)ခုနှင့် Factorပေါင်း (၃၉)ခုတို့အပေါ် အခြေခံကာ လေ့လာခဲ့ခြင်းဖြစ်သည်။ ယင်းတို့တွင် ဒုစရိုက်မှု အခြေအနေ၊ ဘဏ်စနစ်၊ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်၊ ကျောင်းနှင့် ပညာရေး၊ သယ်ယူပို့ဆောင်ရေး၊ ရာသီဥတုစသော အချက်များ ပါ၀င်သည်။ ထို့အပြင် မြို့တိုင်း၏ သန့်ရှင်းမှုနှင့် စည်းစနစ်ကျနမှု စံနှုန်းများကိုလည်း တိုင်းတာခဲ့သည်။

ဆွစ်ဇာလန်မြို့များသည် ထိပ်ဆုံး(၁၀)မြို့တွင် (၃)နေရာရခဲ့ပြီး ဘန်းမြို့က တတိယနေရာတွင် ရှိနေသည်။ ဂျာမန်မြို့များအနက် ဒန်းစဒေါ့၊ ဖရန့်ဖွတ်နှင့် မြူးနစ်မြို့ (၃)မြို့လုံးလည်း ထိပ်ဆုံး(၁၀)မြို့ စာရင်းဝင်ခဲ့သည်။ မြို့ကြီးပေါင်း (၂၂၁)ခုအနက် ဘဂ္ဂဒက်က နောက်ဆုံးတွင် ရှိနေပြီး အလယ်အာဖရိကမြို့ ဘန်ဂွီးက ဒုတိယနောက်ဆုံးမှ ရပ်တည်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here