အာရပ်နွယ်ဖွားအစ္စရေးနှစ်ဦးအား သူလျှိုမှုဖြင့် စွဲချက်တင်

alt

အစ္စရေးအစိုးရ ရှေ့နေများက အာရပ်နွယ်ဖွား အစ္စရေးနှစ်ဦးကို ဟစ်ဇဘိုလာ ပြောက်ကျားများအတွက် သူလျှိုလုပ်ပေးမှုဖြင့် စွဲချက်တင်လိုက်ကြောင်း သိရသည်။ အမာမက်ဟောနှင့် အိုမာဆာရစ်တို့က ၎င်းတို့သည်

အစ္စရေး စစ်အခြေစိုက် စခန်းများမှ သတင်းအချက်အလက်များကို ရယူကာ လက်ဘနွန် စစ်သွေးကြွများနှင့် နိုင်ငံရေး အုပ်စုများထံ ပို့ပေးခဲ့ကြောင်း ဝန်ခံခဲ့သည်။ ၎င်းတို့သည် လက်ဘနွန်မှ အဆက်အသွယ်များထံသို့ အင်တာနက်မှ ချိတ်ဆက်ခဲ့ကြောင်း သိရသည်။ ယင်းတို့နှစ်ဦး၏ ရှေ့နေများကမူ အပြင်းအထန် ဖိအားပေးမှုများကြောင့် မိမိတို့၏ အမှုသည်များ ယခုလို ဝန်ခံခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။

အစိုးရ ရှေ့နေများကမူ ၎င်းတို့နှစ်ဦးသည် (၂၀ဝ၈)ခုနှစ်က ဟစ်ဇဘိုလာတို့နှင့် ဆက်သွယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ မက်ဟောသည် ဒိန်းမတ်သို့ အလည်အပတ် သွားရောက်စဥ် လက်ဘနွန်မှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးနှင့် တွေ့ဆုံခဲ့သလို ဆာရစ်သည် အီဂျစ်ရှိ အပန်းဖြေ စခန်းတစ်ခုတွင် လူတစ်ဦးနှင့် လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း အစ္စရေး ထောက်လှမ်းရေးက ခြေရာခံ ဖော်ထုတ်နိုင်ခဲ့သည်။

၎င်းတို့နှစ်ဦးအား စစ်ဆေးမှု ပြုလုပ်ရာသို့ မိသားစုများ၊ အထူးရွေးချယ်ထားသည့် သတင်းထောက်များနှင့် ထောက်ခံအားပေးသူ (၁၀၀)ဝန်းကျင်သာ တက်ရောက်ခွင့် ရရှိခဲ့ပြီး အခြားသတင်းထောက်များ ဝင်ရောက်သတင်းယူခွင့်ကို တားမြစ်ထားခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here