ဘရာဇီးကလပ်ဆန်းတို့မှ လူငယ်ကစားသမားအား မန်ချက်စတာ မြို့ခံ နှစ်သင်း စိတ်ဝင်စားနေ

alt

ဘရာဇီးကလပ် ဆန်းတို့မှ လူငယ် ကစားသမားလေး တစ်ဦးကို အင်္ဂလန် ထိပ်သီး မန်ချက်စတာမြို့ခံ ကလပ်​ နှစ်ခုက အပြိုင် စိတ်ဝင်​ စားနေကြောင်း သိရသည်။

ဆန်းတို့ အသင်းမှ အသက်(​ ၂၀)​ အရွယ် လူငယ်လေး ပေါ်လိုဟင်းနရစ်ဂန်ဆိုကို မန်ချက်စတာ ယူနိုက်တက်နှင့် မန်ချက်စတာ စီးတီး​ အသင်းတို့ပါ အလိုရှိ​ နေကြသည်။ စီးတီးသည် ၎င်းတို့၏ ဘရာဇီး​ တိုက်စစ်မှူး ရော်ဘင်ညိုအား ဆန်းတို့သို့ အငှား​ ချထားမှုကို အခွင့်အရေး​ ယူကာ ဟင်းနရစ်ဂန်ဆို​ အား ခေါ်ယူရန် ပြင်ဆင်​ နေခြင်းဖြစ်သည်။

ယူနိုက်တက်ကလည်း ကစားအား ကောင်းမွန်ပြီး ပင်ကိုယ်​ အရည်အသွေး​ ရှိသည့် အလယ်တန်း ကစားသမားလေးကို မျက်စိကျ​ လျက်ရှိသည်။ စီးတီးနှင့် ယူနိုက်တက်တို့သည် စပိန်ကလပ် ဗလန်စီယာမှ တောင်ပံ​ တိုက်စစ်မှူး ဒေးဗစ်ဆေးဗားအား ခေါ်ယူရန်​ အတွက်လည်း အကြိတ်အနယ် ပြိုင်ဆိုင်​ နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here