Facebook စွန့်ခွာရေးနေ့နှင့် Quit Facebook Day ဝက်ဘ်ဆိုက်

alt

Facebook ကို စွန့်ပစ် မည်ဟူသော ရည်မှန်းချက်ဖြင့် သတ်မှတ်ထားသည့် Quit Facbook Day ဖြစ်သော မေလ (၃၁) ရက်နေ့တွင် www.quitfacebookday.com သို့ လူပေါင်း (၂၆၀၀၀) ထက်မနည်း ၀င်ရောက် Register လုပ်ခဲ့ကြောင်း သိရသည်။

၎င်းတို့သည် Facebook ၏ Privacy စနစ်နှင့် Application များ ထိန်းချုပ်မှု တို့ကို မကျေနပ်သောကြောင့် ဆန့်ကျင်သည့် အနေနှင့် ယခု ဝက်ဆိုက်တွင် Register ပြုလုပ် ဝင်ရောက် လာခြင်းဖြစ်သည်။ ကမ္ဘာ့  အကြီးမားဆုံး Social Networking ဝက်ဆိုက်​ တစ်ခု ဖြစ်လာသော Facebook​ သည် Privacy​ ဆိုင်ရာ မူဝါဒတွင် ဝေဖန်မှုများ ခံနေရပြီး ၎င်းကို ဆန့်ကျင်သည့် User အချို့က Facebook မှ နှုတ်ထွက် ခဲ့ကြသည်။ သို့သော်လည်း Quit Facebook Day​ လှုပ်ရှားမှုတွင် ပါ၀င်သည့် အရေအတွက်မှာ ကမ္ဘာတဝှမ်းရှိ Facbook သုံးစွဲသူ သန်းရာနှင့်​ ချီသော အခြေအနေ အတွက် ပြောပ လောက်အောင် မဟုတ်ချေ။

Facebook သည် မကြာသေးမီက Privacy ဆိုင်ရာ မူဝါဒအချို့ကို User များ တောင်းဆိုသည်နှင့် လိုက်လျော ညီထွေဖြစ်အောင် ပြန်လည် ပြင်ဆင်မှုများ ပြုလုပ် ပေးခဲ့သည်။ မကြာသေးမီက Facebook တွင် မွတ်ဆလင်​ ဘာသာရေးကို စော်ကားသည့် Page တစ်ခုအား ဖြုတ်ပေးရန် ငြင်းဆို ခဲ့ခြင်းကြောင့် ပါကစ္စတန်တွင် Facebook သုံးစွဲမှုကို ပိတ်ပင်ခဲ့ပြီး မွတ်ဆလင် ဘာသာဝင်များ အတွက် ရည်ရွယ်ကာ www.millatfacebook.com အမည်ရှိ မွတ်ဆလင် Facebook ကို တည်ထောင် ခဲ့ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here