Harry Potter ဇာတ်လမ်းတွဲများ အဆုံးသတ်တော့မည်ကို အီမာဝပ်ဆန်ထိခိုက်ခံစားရ

alt

Harry Potter​ ဇာတ်လမ်းတွဲများ ဆုံးခန်းတိုင်ရန် နီးစပ်​ လာခြင်းသည် မိမိ၏ အသိအကျွမ်း​ တစ်ဦး သေဆုံး​ တော့မည်ဟူသော ခံစားမှုမျိုးကို ဖြစ်ပေါ်​ စေကြောင်း မင်းသမီး အေမာဝပ်ဆင်က ပြောကြား​ ခဲ့သည်။

ဗြိတိသျှ ရုပ်ရှင်မင်းသမီး အေမာသည် Harry Potter ၏ ပထမဆုံး ဇာတ်လမ်းကို အသက် (၉) နှစ် အရွယ် လွန်ခဲ့သည့် (၁၁) နှစ်ကျော် ကတည်းက ပါဝင်ခဲ့သူဖြစ်သည်။ အသက် (၂၀) အရွယ် အေမာက နောက်ဆုံး ဇာတ်လမ်းတွဲ ပြီးဆုံးရန် (၂) ပါတ်မျှသာ လိုတော့သော အချိန်တွင် ဝမ်းနည်း ကြေကွဲသော ခံစားချက်မျိုး ဖြစ်ပေါ်လာကြောင်း ဝန်ခံ ပြောဆိုခဲ့သည်။ ယင်းဇာတ်ကား ရိုက်ကူးမှု ပြီးဆုံး သွားတော့မည်ကို သိရှိကြောင်း၊ သို့သော်လည်း လက်ခံရန် ခက်ခဲ့ကြောင်း အေမာကဆိုသည်။

သူမနှင့်အတူ တွဲဖက် သရုပ်ဆောင်သည့် မင်းသားဒင်နီရယ် ရက်ကလစ်ကလည်း Harry Potter ဇာတ်လမ်းများတွင် ပါ၀င်သရုပ်ဆောင်ခွင့် ရရှိခြင်းအပေါ် မည်သည့်အခါမှ မေ့နိုင်မည်မဟုတ်ဟု ဝန်ခံ ပြောကြားခဲ့သည်။ အေမာနှင့် ရက်ကလစ်တို့သည် Harry Potter ဇာတ်ကား (၇) ခု ရိုက်ကူးရာမှ ရရှိသည့် ဝင်ငွေများကြောင့် ဟောလီးဝုဒ်၏ အချမ်းသာဆုံး မင်းသားနှင့် မင်းသမီး အဖြစ်ပါ ရပ်တည် နေနိုင်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here