ရိုးတွင်းချဥ်ဆီအသုံးပြုပြီး စိတ်ကျန်းမာရေး ကုသ နိုင်မည့် နည်းလမ်း

alt

ရိုးတွင်း ချဥ်ဆီကို အသုံးပြုပြီး စိတ် ကျန်းမာရေး အတွက် ကုသနိုင်မည့် နည်းလမ်း တစ်မျိုးကို အမေရိကန် သုတေသီများက ကြံဆ တီထွင် နေကြောင်း သိရသည်။

သွေးကင်ဆာနှင့် အခြား အသက်အန္တရာယ် ကြီးမားသည့် ရောဂါ အချို့ ကုသရာတွင် အသုံးပြုသည့် ရိုးတွင်း ချဥ်ဆီ အစားထိုးနည်းကို စိတ်ပိုင်းဆိုင်ရာ ရောဂါများ အတွက်လည်း အသုံးချသည့် နည်းလမ်းမှာ ကြွက်များနှင့် စမ်းသပ်သည့် အဆင့်တွင် အောင်မြင်မှု ရရှိနေပြီဟု သိရသည်။

နိုဘယ်ဆုရ သိပ္ပံပညာရှင် အဖွဲ့တစ်ခုက စိတ်ကစဥ့်ကလျား အခြေအနေမျိုး ဖြစ်နေသော ကြွက်များတွင် ချဥ်ဆီအစားထိုး ကုသမှုမှာ အသုံးတည့်နေကြောင်း ပြောဆိုခဲ့သည်။ ယူတားတက္ကသိုလ်မှ ပညာရှင်တစ်ဦးဖြစ်သော မာရီယိုကက်ပါချီက ကြွက်များနှင့် စမ်းသပ်ချက်အရ ရိုးတွင်းချဥ်ဆီ အစားထိုးခြင်းဖြင့် စိတ်ကျန်းမာရေးကို ကုသနိုင်သည်မှာ အလွန်အံ့ဩစရာ ဖြစ်ရကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။

၎င်းသည် (၂၀၀၇)ခုနှစ်က ဆေးပညာဖြင့် နိုဘယ်ဆု ရရှိခဲ့သူလည်းဖြစ်သည်။ စိတ်ကျန်းမာရေးကြောင့် အပြုအမူ၊ အလေ့အထုံများ ပြောင်းလဲသွားခြင်းကို ရိုးတွင်းချဥ်ဆီ အစားထိုးမှုဖြင့် ဖြေရှင်းနိုင်ခဲ့သည်မှာ အားရစရာဖြစ်ကြောင်း ဒေါက်တာကက်ပါချီကဆိုသည်။ ကြွက်များဖြင့် စမ်းသပ်မှုတွင် အကောင်းဆုံး ရလဒ်များ ညွှန်ပြနေသော်လည်း လူသားများနှင့် ကိုက်ညီမှု ရှိမရှိကိုမူ လေ့လာမှုများ အချိန်ယူ ပြုလုပ်ရဦးမည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here