ဂါဇာသို့ဦးတည်လာသည့်လှေအား အစ္စရေးစီးနင်းမှုကြောင့် ခရီးသည်များသေဆုံး

alt

ပါလက်စတိုင်း လိုလားသော အစ္စရေး​ ဆန့်ကျင်ရေး ဝါဒီများကို တင်ဆောင်ပြီး ဂါဇာ​ ဒေသသို့ ဦးတည်​ လာသည့် လှေ​ တစ်စင်းအား အစ္စရေးက ဝင်စီးခဲ့ရာ လှေပေါ်မှ ခရီးသည် (၁၀)​ ဦး​ ထက်မနည်း သေဆုံး​ သွားကြောင်း သိရသည်။

ကနဦး သတင်းပေးပို့မှုများ​ အရ လူ​ (၁၀)​ ဦး သေဆုံးကြောင်း မိမိတို့ သတင်းရထားပြီး​ ဖြစ်သည်ဟု အစ္စရေး​ စစ်ဖက် ပြောရေး​ ဆိုခွင့်ရ အရာရှိ​ တစ်ဦးက အတည်ပြု​ ခဲ့သည်။ မေလ​ (၃၁)​ ရက်နေ့ ယင်း​ စီးနင်း​ တိုက်ခိုက်မှုမှာ အစ္စရေး​ ဝန်ကြီးချုပ် ဘင်ဂျမင်နာတန်ယာဟု အမေရိကန်​ နိုင်ငံ၊ ဝါရှင်တန်​ မြို့တော်သို့ သွားရောက်ကာ အမေရိကန်​ သမ္မတ ဘာရတ်အိုဘားမားနှင့် တွေ့ဆုံခါနီးတွင် ဖြစ်ပွား​ ခဲ့ခြင်းဟု သိရသည်။

အစ္စရေး၏ လုပ်ရပ်ကို ပါလက်စတိုင်းနှင့် တူရကီတို့က ပြင်းပြင်းထန်ထန် ရှုတ်ချ​ ခဲ့ကြသည်။ အစ္စရေး၏ ရန်သူတော် ဟားမတ်စ်တို့၏ သတင်းဌာန အယ်အာဆာက သေဆုံးသူ အရေအတွက် (၂၀)​ ရှိကြောင်း ကြေညာခဲ့သော်လည်း တိတိ​ ကျကျမူ အတည်ပြု​ နိုင်ပေ။ ထို့အပြင် အစ္စရေး​ နိုင်ငံသား ခံယူထားသည့် အာရပ်နိုင်ငံဖွား မွတ်ဆလင်​ ဘာသာရေး​ ခေါင်းဆောင် ရိဆာလားသည်လည်း တိုက်ခိုက်မှု​ အတွင်း ဒဏ်ရာ​ ရရှိသွားကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

အစ္စရေး သတင်း​ ဌာနများကမူ အစ္စရေး​ ကွန်မန်ဒိုများသည် လှေပေါ်သို့ တက်ရောက်​ စစ်ဆေး​ ခဲ့ခြင်းသာဖြစ်ပြီး တစ်ဖက်မှ ဓားများ၊ ပုဆိန်များဖြင့် စတင်ရန်ပြု တိုက်ခိုက်​ ခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းဖြစ်စဥ် ပေါ်ပေါက်​ လာပြီးနောက် အစ္စရေးရှိ အာရပ်များ ထူထပ်စွာ နေထိုင်သော ဒေသများတွင် ရဲတပ်ဖွဲ့ကို အမြင့်ဆုံး တပ်လှန့်မှုများ ပြုလုပ်​ ထားလိုက်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here