ပါကစ္စတန်အခြေစိုက် တာလီဘန်တပ်မှှူး သေဆုံးပြီဟုဆို

alt

အာဖဂန်နစ္စတန် အာဏာပိုင်များက ၎င်းတို့သည် ပါကစ္စတန်​ အခြေစိုက် တာလီဘန်​ အဖွဲ့​ ခေါင်းဆောင်မှာ သေဆုံး​ သွားပြီဟု ယူဆရသော အထောက်​ အထားများ တွေ့ရှိ​ ထားကြောင်း ပြောကြား​ ခဲ့သည်။

အာဖဂန်​ အရှေ့ပိုင်း တောင်ပေါ်​ ဒေသ နူရစ်စတန်တွင် အာဖဂန်စစ်တပ်က ဒေသခံ ပြည်သူ့​ စစ်များနှင့် ပူးတွဲ​ ထိုးစစ်များ ဆင်နွှဲပြီးနောက် ထိုဒေသမှ စစ်သွေးကြွများကို ဖယ်ရှား​ ပစ်နိုင်ခဲ့သည်။ (၅)​ ရက်ကြာ တိုက်ခိုက်မှု​ အပြီးတွင် တာလီဘန်​ တပ်မှူးမော်လာနာ ဖာဇူလာသည် သေဆုံး​ သွားပြီဟူသော သတင်းများ ထွက်ပေါ်​ လာကြောင်း အာဖဂန်​ စစ်တပ် ပြောရေး​ ဆိုခွင့်ရ အရာရှိ ဖာရွတ်ခန်းက​ ဆိုသည်။

နယ်ခြားစောင့်တပ် အကြီးအကဲ ဗိုလ်ချုပ်​ မိုဟာမက် ဇာမန်မာမိုဇိုင်းကလည်း ရေဒီယိုမူလာဟု အမည်ပြောင်​ ရထားသော အနောက်အုပ်စု ဆန့်ကျင်ရေး​ အမြင်ရှိသည့် ဖာဇူလာမှာ တိုက်ပွဲ​ အတွင်း ကျဆုံးသွားပြီ​ ဟူသည့် သတင်းများ လက်ခံ​ ရရှိထားကြောင်း ပြောကြား​ ခဲ့သည်။ တာလီဘန်​ ခေါင်းဆောင်သည် ယမန်နှစ်ကုန်ပိုင်းက ပါကစ္စတန် စစ်တပ်၏ ဖိအားပေး တိုက်ခိုက်မှုများကြောင့် ဆွက်တောင်ကြားတွင် တပ်စွဲထားရာမှ အာဖဂန် နယ်မြေထဲသို့ ပြန်လည်​ ဆုတ်ခွာ​ လာခြင်းဖြစ်သည်။ သို့သော်လည်း ၎င်း၏​ အလောင်းကို ခွဲခြားသိရှိရန် ခက်ခဲနေကြောင်း စစ်တပ်က ကြေညာခဲ့သည်။

ပါကစ္စတန်ရှိ ဘာဂျား​ ဒေသမှ တာလီဘန်​ ခေါင်းဆောင် မော်လာနာဖာရွတ် မိုဟာမက်က ဖာဇူလာ သေဆုံးသွားပြီဆိုသော သတင်းများကို မယုံကြည်ကြောင်းနှင့် ၎င်းနှင့် အဆက်အသွယ်​ ရရန် ကြိုးပမ်း​ နေကြောင်း AP​ သတင်းဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်​ ပြောကြား​ ခဲ့သည်။ ၎င်းက ဖာဇူလာသည် နူရစ်စတန်တွင်ပင် သက်ရှိထင်ရှား ရှိနေဆဲဟု မျှော်လင့်ကြောင်းလည်း ပြောဆို​ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here