MTV ဂုဏ်ထူးဆောင်ဘွဲ့ကို ဆန်ဒရာဘူးလော့ လက်ခံ​ ရယူဖွယ်

alt

ဟောလီးဝုဒ် မင်းသမီး ဆန်ဒရာ​ ဘူးလော့သည့် MTV၏ ဂုဏ်ထူးဆောင်​ ဘွဲ့ဖြစ်သော MTV Generation Award​ ကို လက်ခံ​ ရယူဖွယ် ရှိနေကြောင်း သိရသည်။ ဇွန်လ​ (၆)​ ရက်နေ့တွင် ကျင်းပမည့် ဆုနှင်း​ သဘင်သို့

အသက်(၄၅)နှစ်အရွယ် မင်းသမီး​ အနေနှင့် တက်ရောက်​ ခဲ့ပါက အော်စကာ​ ဆု​ ပေးပွဲ နောက်ပိုင်းတွင် ပထမဆုံး လူအများကြား ထွက်ပေါ်လာမှု ဖြစ်လာပေ​ လိမ့်မည်။

MTV​ က ယခုဆုကို ပြီးခဲ့သည့် ဆယ်စုနှစ်​ (၂)​ ခုအတွင်း ရုပ်ရှင်​ လောကတွင် ဘူးလော့၏ ကြီးကျယ်​ ခမ်းနားသည့် ဆောင်ရွက်မှုများ​ အတွက် ချီးမြှင့်ခြင်းဟု ကြေညာခဲ့သည်။ သူမသည် မတ်လ​ (၇)​ ရက်နေ့က အော်စကာဆုကို လက်ခံ​ ရယူပြီးနောက်ပိုင်း ခင်ပွန်းသည်၏ ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာသည့် အိမ်ထောင်ရေး အရှုပ်အထွေးများကြောင့် အိမ်တွင်း​ အောင်းနေ​ ခဲ့သည်။

ဘူးလော့၏ ခင်ပွန်းသည် ဂျက်ဆီဂျိမ်းက ၎င်း၏ဇနီးသည်က ခွင့်မလွှတ်တော့သည့် အခြေအနေသည် အလွန်ကြောက်စရာကောင်းပြီး နောင်တရမိကြောင်း ဝန်ခံပြောကြားခဲ့သည်။ အသက်(၄၁)နှစ်ရှိ ဂျိမ်းက ၎င်းအနေနှင့် အိမ်ထောင်ရေးကို ဆက်လက်ထိန်းသိမ်းလိုကြောင်း ဖွင့်ဟခဲ့သည့်တိုင် ဘူးလော့ကမူ ကွာရှင်းခွင့် တောင်းခံထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here