ဂျပန်နိုင်ငံ​ အိုကီနာ​ဝါတွင်​ ထိုင်​ဝမ်အလံနှင့်​ မြန်မာအလံ​ မှားယွင်းလွှင့်ထူ

alt

ဂျပန်နိုင်ငံရှိ အိုကီနာဝါ တစ်လမ်းပြေး ရထား ဘူတာရုံတွင် မြန်မာ အလံနှင့် ထိုင်ဝမ် အလံတို့ကို မှားကာ လွှင့်ထူ ခဲ့ကြောင်း သိရသည်။ ထိုင်ဝမ် ရုပ်မြင်သံကြား ဌာန TVBS က အိုကီနာဝါသို့ ရောက်လာသည့်

ထိုင်ဝမ် ကမ္ဘာလှည့် ခရီးသည်များသည် ၎င်းတို့အလံအစား မြန်မာ နိုင်ငံ အလံကို လွှင့်ထားသည်ကို မြင်ရပြီးနောက် အကြီးအကျယ် အံ့အား သင့်ခဲ့ကြောင်း ဖော်ပြ သွားသည်။

ထိုကိစ္စကြောင့် ရထားဘူတာမှ တာဝန်ရှိသူများသည် ထိုင်ဝမ်နိုင်ငံခြားရေးရာ ဝန်ကြီးဌာနထံမှ အကူအညီကို ချက်ချင်းတောင်းခံကာ အလံအမှန်ကို ပြင်ဆင်ခဲ့ရကြောင်း သိရသည်။ မြန်မာနှင့် ထိုင်ဝမ်တို့၏ အမျိုးသား အလံများသည် အရောင်ရော၊ ဒီဇိုင်းပါ (၉၅)ရာခိုင်နှုန်း ဆင်တူနေသည်။ ထိုင်ဝမ်အလံတွင် ဘယ်ဘက်အပေါ်ထောင့် အပြာအောက်ခံပေါ် အဖြူရောင်နေဝန်းပုံ ပါရှိပြီး မြန်မာ့အလံတွင် ကြယ်ဖြူ(၁၄)လုံး၊ စပါးနှံနှင့် စက်သွားတို့ကို ဖော်ပြထားသည်။ သို့သော်လည်း ရုတ်တရက် ကြည့်ပါက အလံနှစ်ခုမှာ အလွန်ဆင်တူမည်ဖြစ်သည်။

(၂၀၀၈)ခုနှစ်က တရုတ်နိုင်ငံအတွင်း ကျင်းပသော ဘေဂျင်းအိုလံပစ်တွင် ထိုင်ဝမ်အားကစားသမားများကို အားပေးသည့် ပရိသတ်အချို့သည် မြန်မာ့အလံကို ဝှေ့ယမ်းအားပေးခဲ့ကြောင်းလည်း သိရသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံအတွင်း ထိုင်ဝမ်အလံ တင်သွင်းခွင့်ကို တရားဝင် ပိတ်ပင်ထားသဖြင့် အစားထိုးကာ မြန်မာ့အလံဖြင့် အားပေးခဲ့ကြခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here