ထမင်း တစ်လုတ်အတွက် လုပ်ရပ်မမှားစေချင် …

ဆောင်းပါး သရုပ်ဖေါ် © မင်း​ကျော်

ဒီကနေ့ မြန်မာ ပြည်တွင်းကိုုကော ပြည်ပကိုု ရောက်နေ ကြသူတွေကိုုကော

ကြည့်ကြစမ်း ပါဦးဗျာ။ ထမင်း တလုတ်အတွက် ဘယ်သူတွေ အမှားလုပ် နေကြသလဲ ဆိုတာ လေ့လာ ကြည့်ကြပါ။ ဘာလိုု့လဲ ဆိုုရင်​ ထမင်းတလုုတ်ဟာ လုုပ်ရပ် မှားတွေကို ဖန်တီး ရလောက်အောင် အစွမ်းထက်မြက် သလား​ ဆိုတာကို တွေးတော ကြည့်ကြရအောင်။

ကဲ… ကျနော်တုုိ့ လူတန်းစား အလိုက် ကြည့်ကြ ရအောင်ဗျာ။

အခြေခံ လူတန်းစားနှင့် ဝင်ငွေထွက်ငွေ

တကယ်တမ်း ဆိုုရင် သတ်မှတ်ချက်တွေ အရ ရှေးအစဉ် အလာတွေ အရဆုုိရင် လူတန်းစား ဆိုုတာ သုုံးမျိုး သုံုးရပ် ရှိပါတယ်။

  • အခြေခံ လူတန်းစား၊
  • လူလတ်တန်းစားနဲ့
  • အထက်တန်းလွှာ​ ဆိုပြီး

သုံုးမျိုးသုံုးစား ရှိတာပါ။

ဒီလိုမျိုး လူတန်းစား သုံးရပ် ရှိခဲ့ပေမယ့် မြန်မာနုုိင်ငံမှာ သေသေချာချာ ကြည့်မယ်ဆိုုရင် လူတန်းစားက နှစ်ရပ် တည်းရယ်လုုိ့တောင် ပြောရ မတတ်ပါဘဲ။

အခြေခံ လူတန်းစားနဲ့ အထက်တန်းစားလိုု့ဘဲ ရှိပါတယ်။ ဘယ်နေရာကို ကြည့် ကြည့် အခြေခံ လူတန်းစားတွေကိုုသာ တွေ့ရမှာဖြစ်ပြီး အထက်တန်းလွှာ လူတန်းစားက တော့ လူနည်းစုုပဲ တွေ့ရမှာပါ။

ဒီကနေ့ အခြေခံလူတန်းစားတွေဟာ ဘဝ ရပ်တည်ရှင်သန်ရေး အတွက် ကျားကုုတ် ကျားခဲ လုုပ်ယူနေရပါတယ်။ တရက်တာ အသက်ဆက်ဖိုု့ လိုုအပ်တဲ့ စွမ်းအင်တွေ ရရှိဖိုု့ အစားအသောက်ကိုု ပင်ပန်းတကြီး ရှာဖွေနေရပါတယ်။ လခစားဝန်ထမ်းကိုု ကြည့်ကြည့်၊ တနေ့လုုပ် တနေ့စား လူတွေကိုု ကြည့်ကြည့် ပင်ပန်းတကြီး လုုပ်ကိုုင်နေရပါတယ်။

နေ့စား အလုုပ်သမားတွေ အနေနဲ့ မိမိလုုပ်ကိုုုင်ရာ လုုပ်ငန်းအလိုုက်၊ မိမိကျွမ်းကျင်မှု အလိုက် တနေ့ကိုု လုုပ်ခလစာ ၂၀၀၀ ဝန်းကျင်နဲ့ လုုပ်ကုုိင်နေရပါတယ်။ လုုပ်ငန်းခွင်ကိုု သွားဖိုု့အတွက် လုုပ်ခရဲ့ ၅ ပုံု ၁ ပုံု (ကျပ် ၄၀၀) လောက် ကုုန်ကျနေပြီး တခါတရံ ဒီ့ ထက်တောင် ကုုန်ကျမှုတွေ ရှိနေပါတယ်။

ဆန်တပြည် ၁၀၀၀ ကျပ်လောက် ပေးနေရတဲ့ အချိန်မှာ ကျန်တဲ့စရိတ်တွေ အတွက် တနေ့တာ လုုပ်ခရဲ့ ၄ ပုံု ၁ ပုံု (ကျပ် ၅၀၀) လောက်ကိုုပဲ သုံုးနုုိင်ပါတယ်။ မိသားစုု များတဲ့ မိသားစုု အတွက် ဆန်တစ်ပြည် ၁၀၀၀ နဲ့ ကျန်တဲ့​ အသုံုးစရိတ်တွေ​ အားလုံုးအတွက် ၅၀၀ ကျပ်ဆိုုတာ ဘယ်လိုုမှ မဖြစ်နုုိင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။

ထမင်းတလုုတ် အတွက် ခက်ခဲစွာ ရုုန်းကန်နေရပြီး မိသားစုုမှာ ကလေးငယ်တွေ ပါလာမယ် ဆုုိရင် သားသမီးရဲ့ ပညာသင် စရိတ်အတွက် ကုုန်ကျစရိတ် တွေက သူတုုိ့ရတဲ့ လခထက် ပိုုများနေတာကိုု တွေ့နေရပါတယ်။

လခစား ဝန်ထမ်းတွေကိုု ကြည့်မယ် ဆုုိရင် နိုုင်ငံခြား ကုုမ္ပဏီတွေ၊ ပြည်ပကလာတဲ့ ထောက်ပံ့ရေး​ အဖွဲ့မှာ ဝင်လုုပ်နေတဲ့သူတွေ​ အ​တွက်သာ အကျိုးခံစားခွင့်များပြီး သာမန် စတိုုးဆိုုင်၊ အရောင်းဆိုုင်နဲ့ ကုုမ္ပဏီတွေမှာ ဝင်လုုပ်​ နေကြသူတွေရဲ့ လခဟာ အမြင့်ဆုံုုး ကျပ် ၈၀၀၀၀ အထိ ရှိပြီး အနိမ့်ဆုံုး ကျပ် ၂၀၀၀၀ အထိသာရှိပါတယ်။ မီဒီယာမှာ ဝင်လုုပ်နေတဲ့ သတင်းထောက်တွေရဲ့ လခဟာ ကျပ် ၃၅၀၀၀ သာ ရှိပါ တယ်။

ပြန်တွက်​ ကြည့်မယ်ဆုုိရင် လခစား​ ဝန်ထမ်းတွေဟာ တစ်လနဲ့ တစ်လ ရပ်တည်ဖုုိ့ အတွက် အခက်အခဲတွေ အပြည့်နဲ့​ ဆိုုတာ တွေ့ရမှာပါ။

ရတဲ့လခနဲ့ သွားစရိတ်၊ လာစရိတ်အပြင် လခစား​ ဝန်ထမ်းဖြစ်တဲ့အတွက် ဝတ်စား ဆင်ယင်မှု​ အပိုုင်းမှာလည်း တခြား အခြေခံ​ လူတန်းစားတွေ​လိုု​ မဟုုတ်ဘဲ ကြည့်ကောင်း ရှုကောင်းအောင် ဝတ်ဆင်ဖိုု့အတွက် ကုုန်ကျ​ စရိတ်ကလည်း တမျိုး တိုုးနေတာကိုု တွေ့ရ မှာပါ။

အထက်တန်းလွှာလူတန်းစားနှင့် ဝင်ငွေထွက်ငွေ

အထက်တန်းလွှာနေ လူတန်းစား​ အတွက် တစ်နေ့​ ဝင်ငွေကတော့ ခုုနက ပြောပြ ထားတဲ့ အခြေခံ​ လူတန်းစားတွေနဲ့ မိုုးနဲ့မြေပမာ ဆုုိသလိုု ကွာခြားချင်တုုိင်း ကွာခြားနေပါ တယ်။ တစ်နေ့တာ အသုံုးစရိတ်​ အဖြစ် အခြေခံ​ လူတန်းစားတွေရဲ့ တစ်လတာ ဝင်ငွေကိုု တစ်နာရီတည်းနဲ့ သုံုးဖြုန်းနုုိင်ပြီး ပမာဏ​ ခန့်မှန်း​ မရနုုိင်အောင် ဝင်ငွေ​ ရှိနေသူတွေပါ။

သာမန်​ အပြင်ထွက်၊ ဈေးဝယ်​ ထွက်ရုံု​ အတွက် ငွေ သိန်းချီ​ အကုုန်အကျ​ ခံနိုုင်ကြပြီး တစ်သီး​ ပုုဂ္ဂလ​ နေထုုိင်ကြပြီး အဆင့်အတန်းတူကြသူချင်းသာ ပေါင်းသင်း​ ဆက်ဆံ နေထိုုင်လေ့​ ရှိ​ကြပါတယ်။ သူတိုု့ရဲ့ ဝင်ငွေဟာ တရားမဝင်ရော၊ တရားဝင်ရော​ စတဲ့ နည်းလမ်း နှစ်သွယ်ကနေ ဝင်ရောက်​ နေကြတာဖြစ်ပြီး ဝင်ငွေ​ အတုုိင်းအတာ မှာလည်း မခန့်မှန်းနုုိင် အောင်ပါဘဲ။

လူတန်းစားနှင့် ထမင်းဝိုင်း

မည်သို့သောသူဖြစ်ပါစေ မြန်မာ​ လူမျိုးတွေ​ အနေနဲ့ တနေ့ကိုု ထမင်း နှစ်နပ်သာ စားကြလေ့ ရှိပါတယ်။ မိိမိ​ ဝင်ငွေအလုုိက် မိသားစုု​ ထမင်းဝိုုင်းတွေဟာလည်း ကွာခြားချက် ရှိပါတယ်။ သာမန် ဆန်ဖြစ်ရုံု​ ထမင်းနဲ့ ငပိရည်ကိုု စားနေ​ကြရသူတွေ ရှိသလိုု တဇွန်း တစ်ကိုုက်စာ​ အတွက် ငွေထောင်သောင်းချီ အကုုန်အကျခံတဲ့ ထမင်းဝိုု်င်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့ မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံုးစံအရ တနေ့ကိုု ထမင်း​ နှစ်နပ်ချည်းပါဘဲ။

တစ်ယောက်စားလျှင် တစ်ယောက် မစားရမှာကိုု စိုးရိမ်ပြီး အချင်းချင်း​ ငဲ့ညှာနေရ သော မိသားစုု​ ထမင်းဝိုုင်းများ​ ရှိသလိုု အိမ်မှာ​ ချက်တာမကြိုက်လိုု့ အပြင်ထွက်ပြီး စားချင် တိုုင်းစားဖုုိ့ ငွေသိန်းနဲ့​ချီ​ ထည့်ပြီး အပြင်ထွက်​ စားကြသူတွေလည်း ရှိပါတယ်။

အပေါ်မှာ တင်ပြ​ခဲ့သလိုုမျိုး မြန်မာ​နုုိင်ငံမှာ လူတန်းစား​နှစ်ရပ်​ တည်ရှိနေသလိုု သူတိုု့ရဲ့ ရပ်တည်ချက်တွေနဲ့ အနေအထားကတော့ မိုုးနဲ့ မြေဆိုုသလိုု ကွာခြားနေတာ တွေ့ရမှာပါ။ နေ့စဉ်​ စားဝတ်နေရေးအတွက် အသေအကြေ​ ရုုန်းကန်နေကြသူတွေရှိသလိုု အတုုိင်း​အဆမဲ့​ ဝင်နေတဲ့ ငွေကြေးတွေကိုု မကုုန် ကုုန်အောင်ဖြုန်းဖိုု့အတွက် နည်းလမ်း ရှာနေကြသူ တွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း အားလုံုးဟာ ခုုနက​ ပြောသလိုုမျိုး တစ်နေ့ကိုု ထမင်း​ နှစ်နပ်​ စားကြသူတွေ ချည်းပါဘဲ။

ထမင်းတနပ် နှင့် အမှားများ

ဒီလိုုမျိုး တနေ့ ထမင်း​ နှစ်နပ်​ ကတည်းက တနပ်စာတည်း အတွက် လူတချို့က တော့ အမှားတွေကိုု​ လုုပ်ရင်း ရင်းနှီး​ စားသောက်​ နေရတာကတော့ အံ့ဩစရာ ဖြစ်နေပါ တယ်။ သာမန် ထမင်း တနပ်စာအတွက် မရိုုးသားတဲ့ လုုပ်ရပ်တွေနဲ့ ရင်းနှီးစားသောက်​ နေရသူတွေ မြန်မာပြည်မှာ ဒုနဲ့ဒေး​ ဆိုုသလိုုပါဘဲ။

ခန္ဓာကိုုယ်ကိုုရင်းပြီး လုုပ်စား​ နေရတဲ့သူတွေ ရှိသလုုိ ဥပဒေ​ ပြင်ပကနေ လုုပ်ကိုုင် စားသောက်​ နေရသူတွေလည်း ရှိပါတယ်။ ထမင်း​ တနပ်စားရဖိုု့အရေး မိမိ​ မချစ်မနှစ်သက်တဲ့လူနဲ့ အတူနေရတဲ့​ လူတွေရှိသလိုု မိမိတိုု့လုုိ လူတန်းစားချင်း ရိုုက်နှက်​ သတ်ပုုတ်နေရတဲ့ သူတွေလည်း တပုံုတပင်ပါ။ မိမိ ထမင်း​ တနပ်စားရဖိုု့ အတွက် ဘယ်သူသေ​သေ ငတေမာ ရင်ပြီးရော​ ဆိုုပြီး ပါဝါ​ အာဏာသုံုးပြီး လုုပ်ကိုုင်​ နေရသူတွေ​ကလည်း မြန်မာပြည်ရဲ့ ထိပ်ဆုံုး လူတန်းစားတွေ​ ထဲမှာ အများကြီးပါဘဲ။

ဒီလိုုမျိုး ထမင်း​ တစ်နပ်အတွက် လုပ်ကိုင်​ စားသောက်​ ရတာချင်း အတူတူ အပေါ်မှာ တင်ပြ​ သလိုမျိုး မိမိ​ ခန္ဓာကိုယ်ရင်း​ လုုပ်စား​ နေရသူတွေကိုုတော့ ကျနော်​ ပြောချင်တဲ့​ ဆောင်း ပါးထဲကနေ ဖယ်ထားပါရစေ။ ထမင်းတနပ်​ အတွက် မည်သူ့ကိုုမှ ဒုုက္ခမပေးဘဲ မိမိကိုုယ်မိမိ​ စတေးရင်းခံပြီး ရှာဖွေ​ စားသောက်နေ​ ရတဲ့သူတွေဟာ တကယ်တော့ သာမန်လူတွေထက် အပြစ်ကင်းသလိုု လူသားချင်း အတူတူ စာနာချင်စရာ၊ နားလည်​ ပေးသင့်ပေးထုုိက်တဲ့​ လူတွေအဖြစ် သတ်မှတ်​ နိုုင်လိုု့ပါ။

ဆောင်းပါး​ ခေါင်းစဉ်မှာ ဖော်ပြထားသလုုိ ထမင်း​ တလုုတ်အတွက် လုုပ်ရပ်မှားသူ တွေလုုိ့ နာမည်​ တပ်ချင်သူတွေကတော့ အထက်မှာ​ ပြောခဲ့သလိုု တနပ်သော​ ထမင်း​ အတွက် မိမိ​ လူမျိုး​ အချင်းချင်း၊ မိမိ​ လူတန်းစား​ အချင်းချင်း ရိုုက်နှက်သတ်ပုုတ် ထမင်းရှာစား နေရသူတွေ၊ ဘယ်သူသေ​သေ ငတေမာရင်​ ပြီးရောဆိုုသလိုု မိမိ​ ပါဝါ​ အာဏာသုံုးပြီး လုုပ် ကိုင်​ ရှာဖွေ​ စားသောက်​ နေကြသူတွေပါ။

သုံးသပ်ချက်

မြန်မာ​ နုုိင်ငံရဲ့ လက်ရှိ​ အနေအထားမှာ အစောက​ တင်ပြထားသလိုု လူတန်းစားတွေ အများကြီး​ ရှိပါတယ်။ အထက်တန်းလွှာ​ လူတန်းစား​ မှာလည်း​ ရှိသလိုု အခြေခံ​ လူတန်းစား မှာလည်း ဒီလိုု​ လူမျိုးတွေ အများကြီး​ ရှိပါတယ်။

တစ်နေ့တာ ထမင်း​ နှစ်နပ်​ အတွက် အခုုလိုုမျိုး လုုပ်ကိုုင်နေကြရတာဟာ ဘာကြောင့် လဲလိုု့ ပြန်လည်​ သုံုးသပ်ကြည့်​ ရမယ်ဆုုိရင် ဒီကနေ့ မြန်မာ​ နုုိင်ငံဟာ သဘာဝဘေး အန္တရာယ်​ အပြင် စစ်တပ်​ အာဏာရှင်​ စနစ်ဆိုုးရဲ့ အန္တရာယ်ကိုုလည်း ရင်ဆိုင်​ နေကြ ရပါတယ်။ သဘာဝ​ ဘေးအန္တရာယ်ရဲ့ ဆုုိးဝါးမှုကြောင့် မြန်မာ​နိုင်ငံ​ အရပ်ရပ်မှာ သောက်သုံုးရေ ပြတ်လပ်ခြင်း၊ မုုန်တိုုင်း​ ဒဏ်ခံရခြင်း၊ ငလျင်ဒဏ်ခံရခြင်း၊ အစာ​​ရေစာ​ ပြတ်လပ်ခြင်း​ စတဲ့ ဒဏ်တွေကိုု ခံစားနေရပါတယ်။

ဒါ့အပြင် အာဏာရှင် စစ်တပ်ရဲ့ ဘေးအန္တရာယ်တွေ ဖြစ်တဲ့ ပြည်တွင်း မငြိမ်မသက်မှုများ၊ လူအချင်းချင်း မိမိ​ အာဏာ​ အတွက် ဖိနှိပ်ချုပ်ချယ်ခြင်း၊ စီးပွားရေး လုုပ်ဆောင်ရာမှာ မိမိနဲ့ နီးစပ်သူတွေကိုုသာ ဝေမျှခြင်းကြောင့် သာတူညီမျှ​မှု မရှိခြင်းများ၊ စီးပွားရေး​ လုုပ်ငန်း တွေကိုု လက်ဝါးကြီး အုုပ်ထားခြင်း စတဲ့ ဒဏ်တွေကိုုလည်း ခံစားနေရပါတယ်။

ဒီလိုုမျိုး သဘာဝ​ ဘေးဒဏ်၊ အာဏာရှင်​ စစ်တပ်ရဲ့​ ဒဏ်အောက်မှာ နေထိုုင်ရသူအ ချင်းချင်း​ ဖြစ်ပြီး မိမိ​ဝမ်းရေး အတွက် ရုုန်းကန်ရတာချင်း အတူတူ အထက်က ပြောခဲ့သလိုု မိမိ​ ထမင်း​ တလုုပ်အတွက် သူများ​ မျက်ရည်ကျ​ ရတာကိုု လုုပ်ကြတာဟာ တကယ်တော့ အာဏာရှင်​ စစ်တပ်ရဲ့ မူမမှန်သော အုုပ်ချုပ်မှု​ စနစ်ကြောင့်ပင် ဖြစ်ပါတယ်။

မိမိ​ ဝမ်းပြည့်ရေး​ အတွက် သူတပါး​ မျက်ရည်ကျတာကိုု လူသားတုုိင်း မမြင်လိုုကြပေမယ့် စစ်တပ်ရဲ့ အုုပ်ချုပ်မှု​ စံနစ်​ အမှားအယွင်း များက သူတပါး​ မျက်ရည်ကျတာ ကိုုပင် ဝမ်းသာအောင် ပြုလုုပ်​ပေး နေ​သကဲ့သိုု့ပင် ဖြစ်နေပါတယ်။

ဒါ့ကြောင့် စာရေးသူအနေနဲ့ ပြောကြား​လိုုတာကတော့ မိမိ​ ထမင်း​ တလုုတ်​အတွက် အမှား​ လုုပ်နေသူများ​ မဖြစ်ရအောင် စစ်​ အာဏာရှင်ရဲ့ ဆိုုးဝါးတဲ့​ လုုပ်ရပ်နဲ့ စံနစ်ကိုု မီးမောင်း ထိုုးပြ​ ကြပါစုုိ့လား ဗျာ…။

ထွန်းတောက်နေ

LEAVE A REPLY

Please enter your comment!
Please enter your name here