Iron Man ဝတ်စုံကို ကိုယ်တိုင်ဖန်တီးဝတ်ဆင်တဲ့ အမေရိကန် နိုင်ငံသား

alt

အသက် (၂၅) နှစ်ရှိ အန်တိုနီလီသည် ၎င်း ငယ်စဥ် ကတည်းက Iron Man ဇာတ်ရုပ်ကို ကောမစ် စာအုပ်များ မှတဆင့် စွဲလန်း နေခဲ့သူ ဖြစ်သည်။ (၂၀၀၈) ခုနှစ် အရောက်တွင် ၎င်း အနှစ်သက်ဆုံး ဇာတ်ကောင်ကို ဟောလီးဝုဒ်တွင် ရုပ်ရှင် အဖြစ် ဖန်တီး လိုက်ပြီးနောက်

လီတစ်ယောက် ကိုယ်ပိုင် Iron Man ဝတ်စုံ တစ်ခု တီထွင်ရန် ဆုံးဖြတ် လိုက်တော့သည်။

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုတွင် နေထိုင်သည့် လီ၏ Iron Manဝတ်စုံမှာ Iron Man 2တွင် ပါ၀င်ခဲ့သည့် မီးခိုးရောင် စက်ရုပ်ပုံကို အတုယူ ဖန်တီးထားခြင်းဖြစ်သည်။ တစ်လကြာအောင် အချိန်ယူခဲ့ရသည့် ယင်းဝတ်စုံအတွက် ဒေါ်လာ(၄၀၀၀)ကျော် ကုန်ကျခဲ့ကြောင်းလည်း လီကဆိုသည်။ ဝတ်စုံအတွက် သံမှိုနှင့် ဝါရှာပေါင်း (၁၅၀၀၀)ကို အသုံးပြုခဲ့ရပြီး စက်ရုပ်၏ ပခုံးပေါ်ရှိ စက်သေနတ်အတွက် PVC ပိုက်များဖြင့် ပြုလုပ်ထားသည်။ စက်ရုပ် ဝတ်စုံ ရင်ဘတ်ရှိ မီးရောင် တောက်ပနေသည့် စက်ဝိုင်းပြားကိုမူ LED မီးလုံးများဖြင့် ပြုလုပ်ခဲ့သည်။

မိမိ၏ ဖန်တီးမှု အတွက် ဂုဏ်ယူမိသလို အမြဲလည်း အမှတ်ရနေမိမည်ဟု လီကဆိုသည်။ လီ၏ စက်ရုပ်ဝတ်စုံမှာ မျက်နှာဖုံး သတ္တုပြားကို အလိုအလျောက် ဖယ်ရှာနိုင်သည့် ခလုတ်တစ်ခုပါ တပ်ဆင်ထားသည်။ ယင်းစက်ရုပ်နှင့် ဆင်တူကို Iron Man 2ဇာတ်ကားမှ အဓိက ဇာတ်ဆောင် တိုနီစတက်၏ မိတ်ဆွေဖြစ်သူ ဂျင်ရုဒ်က ဝတ်ဆင်ခဲ့သည်။ လီသည် မူရင်း Iron Man ဖြစ်သည့် Mark VIမော်ဒယ် စက်ရုပ်အ ဖြစ် အနီနှင့် ရွှေရောင် စပ်ကြား ဝတ်စုံကိုလည်း ပြုလုပ် နေပြီဟုဆိုသည်။ မျက်နှာဖုံးကို မော်တာခလုတ်ဖြင့် အဖွင့်အပိတ် ပြုလုပ်နိုင်အောင် တီထွင်ဦးမည့် ဒုတိယ စက်ရုပ်တွင်မူ စက်သေနတ်ပုံ မပါတော့ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here