ဂျမေကာနိုင်ငံ ကင်စတန်းမြို့ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ရ၃ ဦး သေဆုံး

alt

ဂျမေကာနိုင်ငံ၊ ကင်စတန်း မြို့တော်တွင် ဖြစ်ပွား နေသည့် အဓိကရုဏ်းများကြောင့် အနည်းဆုံး လူ (၇၃) ဦး သေဆုံး သွားကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောကြား လိုက်သည်။ အမေရိကန်က အလိုရှိ နေသည့်

မူးယစ်ရာဇာ ဒူဒူး(ခေါ်) ခရစ်စတိုဖာကုတ်အား ထောက်ခံသည့် ဒုစရိုက် ဂိုဏ်းများနှင့် ရဲတပ်ဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွား ခဲ့ရာမှ အသေအပျောက် များပြား နေခြင်း ဖြစ်သည်။

လုံခြံုရေး တပ်ဖွဲ့များသည် ထရီဗိုလီဂါးဒင်း ခရိုင် အတွင်း ၎င်းအား မြေလှန် ရှာဖွေမှုများ ပြုလုပ် နေစဥ် ဒုစရိုက် ဂိုဏ်းများနှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဟု သတင်းများက ဆိုသည်။ နောက်ထပ်ဖော်ထုတ်နိုင်ခဲ့သည့် အသေအပျောက် စာရင်းကြောင့် အစိုးရအတွက် ခေါင်းခဲစရာ ဖြစ်လာရသည်။ ရဲတပ်ဖွဲ့ အကြီးအကဲ ဂလန်းမောဟင်းက သေဆုံးသူ အချို့တို့သည် လက်နက်ကိုင်များ ဖြစ်ကြကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဒူဒူးသည် ကင်စတန်းတွင် ဩဇာကြီးမားသူ တစ်ဦးဖြစ်ပြီး ၎င်းအားရဲများက ဖမ်းဆီးရန် ကြိုးပမ်းခြင်းအား ဆန္ဒပြ ကန့်ကွက်မှုများ ရှိနေသည်။ ရဲများက (၄)ရက်အတွင်း လူပေါင်း(၅၀၀)ကျော်ကို ဖမ်းဆီးခဲ့ရကြောင်းလည်း ပြောကြားခဲ့သည်။ ကင်စတန်းရှိ တိုက်ပွဲများ ဖြစ်ပွားနေသည့် နေရာများမှ ဒေသခံများကမူ လုံခြံုရေး တပ်ဖွဲ့များသည် အင်အားပြင်းထန်လွန်းသည့် လက်နက်များအား သုံးစွဲခဲ့ကြောင်း စွပ်စွဲထားသည်။ ဂျမေကာ ကြက်ခြေနီတပ်ဖွဲ့က ၎င်းတို့သည် တိုက်ပွဲဧရိယာအတွင်း အလောင်းများကို ၀င်ကောက်ရန် အခက်အခဲရှိနေကြောင်း ဝန်ခံပြောကြားခဲ့သည်။

အသက်(၄၁)နှစ်ရှိ ဒူဒူးသည် မိမိကိုယ်ကိုယ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးအဖြစ် ခံယူထားပြီး ကင်စတန်းတွင် အများအကျိုးအတွက် ဆောင်ရွက်မှု အမြောက်အမြား ပြုလုပ်ခဲ့သဖြင့် မြို့ခံအများစု၏ ချစ်ခင်ကြည်ညိုလေးစားမှုကို ခံယူရရှိထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here