အိန္ဒိယရထားလမ်းချော်မှု အနည်ဆုံး ၆၅ ဦး သေဆုံး

alt

မေလ(၂၈)ရက်နေ့က အိန္ဒိယ နိုင်ငံတွင် ရထား လမ်းချော်မှု တစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၆၅) ဦး သေဆုံး သွားကြောင်း သိရသည်။ အချို့ သတင်း ဌာနများက

အနောက် ဘင်္ဂလားရှိ ရထား တိမ်းမှောက်မှု အတွင်း လူ(၇၀)ကျော် သေဆုံးကြောင်း ဖော်ပြ ထားသည်။

ယင်းရထား လမ်းချော် တိမ်းမှောက်မှုသည် မွိုက် သူပုန်များ၏ လက်ချက် ဖြစ်နိုင်ကြောင်း စုံထောက်များက ယူဆ ထားကြသည်။ ခရီးသည်တင် ရထားသည် အနောက်မစ်နာပေါ ခရိုင်အတွင်း ရထားလမ်းပိုင်း ပြတ်နေမှုကြောင့် လမ်းချော် တိမ်းမှောက် ခဲ့ခြင်းဖြစ်ရာ ယင်းသို့ ဖြစ်အောင် သူပုန်များက ဖျက်ဆီး ထားခြင်းဟု ရဲတပ်ဖွဲ့က သံသယ ဖြစ်နေသည်။

အဆိုပါ ဖျက်ဆီးမှုကြောင့် ရထားသည် ပြေးလမ်းမှ ချော်ထွက်ကာ အခြားရထားတစ်စင်း ဆန့်ကျင်ဖက်အရပ်မှ ခုတ်မောင်းလာရာ လမ်းပေါ်သို့ ဦးတည်သွားကြောင်း သိရသည်။ အနောက်ဘင်္ဂလား ဒေသသည် မွိုက် သူပုန်များ၏ အင်နှင့် အားနှင့် လှုပ်ရှားမှုများ ရှိနေသော နေရာလည်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here