အ​မေ​ရိ​ကန်​စစ်​တပ်​အ​တွင်း​ Gayများ​ တာ​ဝန် ထမ်း​ဆောင် နိုင်​တော့မည်​လော

alt

အမေရိကန် စစ်တပ်အတွင်း Gay များအား တာဝန် ထမ်းဆောင် ခွင့်ပြုရန် Gay အခွင့်အရေး အဖွဲ့အစည်းများက တောင်းခံ လိုက်ကြောင်း သိရသည်။ ၎င်းတို့ အဆို တင်သွင်းထားမှုအား

ပင်တဂွန် စစ်ဌာနချုပ် အနေနှင့် လက်ခံ အတည်ပြုပေးရန် ယင်းအဖွဲ့များက ဖိအားပေးလျက် ရှိသည်။ အကယ်၍ ယင်းကိစ္စအား စစ်တပ်က လက်ခံ ခဲ့ပါက အမေရိကန် စစ်ဖက်တွင် ထူးခြားသော မူဝါဒ အပြောင်းအလဲ ဖြစ်လာမည်ဟု သတင်းများက ဆိုသည်။

ယခု အဆိုတင်သွင်းမှုအား မဲပေးကြပါရန် Gay အခွင့်အရေး အဖွဲ့များက ဆိုသည်။ ကွန်ဂရက်သို့ တင်သွင်း ထားသော အဆိုကို ယခုနှစ် အတွင်း ဆုံးဖြတ်မည်ဟု မျှော်လင့်ကြောင်း၊ လက်နက်ကိုင် တပ်ဖွဲ့များအတွင်း Gayများလည်း နေရာရသင့်ပြီး ယင်းအား မဲပေးကြစေလိုကြောင်း လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ ဥက္ကဌဖြစ်သူ ဂျိုးဆိုမွန်နစ်က တိုက်တွန်းခဲ့သည်။ ယင်းအဆိုအတွက် မဲပေးမှုကို မေလ(၂၇)ရက်နေ့တွင် စတင်လာဖွယ် ရှိနေကြောင်း သိရသည်။ အမေရိကန် အစိုးရ၏ အိမ်ဖြူတော်ကမူ ပင်တဂွန်မှ အရာရှိများ၏ ထင်မြင်ချက်နှင့် ဥပဒေပြု အမတ်များ၏ သဘောထားအပေါ်တွင်လည်း ယခုကိစ္စ မူတည်နေကြောင်း ပြောကြားထားသည်။ ဒီမိုကရက် အတော်များများအနေနှင့် ယခုကိစ္စကြောင့် ဝေဖန်မှု အမျိုးမျိုး ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်ထားကြသည်။ စစ်တပ်ကမူ ယင်းအပြောင်းအလဲကို လက်မခံလိုသည့် သဘောထားမျိုး ပြသလျက်ရှိကြသည်။

အမေရိကန်တွင် သမ္မတ အိုဘားမား အာဏာရလာပြီးနောက် Gayအခွင့်အရေး လှုပ်ရှားသူများ၏ လုပ်ငန်းများ ပိုမိုကျယ်ပြန့်လာပြီး နိုင်ငံတဝှမ်း လိင်တူချင်း လက်ထပ်ခွင့် ဥပဒေကို တင်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း မဲပေးမှုအရ ရှံုးနိမ့်သဖြင့် ပယ်ချခြင်း ခံခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here