ထိပ်တန်းကစားသမားများဖြင့် အင်အားဖြည့်ရန် မန်စီးတီးကြိုးပမ်း

alt

မန်ချက်စတာ စီးတီးအသင်းသည် လာမည့်နှစ်တွင် ဥရောပအဆင့် အောင်မြင်မှုများ ရရှိနိုင်ရေးအတွက် အသင်းအား ထိပ်တန်းကစားသမားများဖြင့် အင်အားဖြည့်တင်းရန် စတင်ကြိုးပမ်းနေပြီဖြစ်သည်။

၎င်းတို့သည် စပိန်ကလပ် ဗလင်စီယာမှ စပိန်လက်ရွေးစင် ဘယ်တောင်ပံ တိုက်စစ်မှူး ဒေးဗစ်ဆေးဗားအား ပေါင်(၂၅)သန်းမျှဖြင့် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။ ဗလင်စီယာအနေနှင့် ဆေးဗားအား မရောင်းနိုင်ကြောင်း ကြေညာထားသော်လည်း မန်စီးတီးကမူ အသက်(၂၄)နှစ်ရှိ အရည်အချင်းရှိ ကစားသမားအား အရခေါ်နိုင်မည်ဟု ယုံကြည်နေဆဲဖြစ်သည်။

ထို့အပြင် မန်စီးတီးသည် ဂျာမန်ကလပ် ဝုဖ်ဘတ်မှ အသက်(၂၄)နှစ်ရှိ ဘော့စနီးယား တိုက်စစ်မှူး အီဒင်ဒက်စကိုအား ခေါ်ယူရန်လည်း ပြင်ဆင်နေကြောင်း သိရသည်။ ဝုဖ်ဘတ်အတွက် (၉၄)ပွဲတွင် (၅၄)ဂိုးသွင်းထားသူ ဒက်စကိုသည် ပေါင်(၃၅)သန်း ပေးချေပါက အသင်းမှ ထွက်ခွာခွင့်ရမည်ဟု ဝုဖ်ဘတ်နှင့် စာချုပ်ထားသူဖြစ်သည်။

မန်စီးတီးက ပစ်မှတ်ထားနေသော ကစားသမား နှစ်ဦးလုံးသည် အခါးသီးဆုံး မြို့ခံပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပထိပ်တန်း ကလပ်အသင်းကြီးများ၏ မျက်စိကျမှုကို ခံနေရသောကြောင့် မန်စီးတီးအနေနှင့် ခက်ခက်ခဲခဲ ကြိုးပမ်းသွားရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here