​ရေ​ကြီး​မှု​ကြောင့်​ ​ပို​လန်​နိုင်ငံ​ ​ဝါ​ဆော​မြို့​မှ​ ​ဒေ​သ​ခံ​များ​ ​စွန့်​ခွာ​ထွက်​ပြေး​ရန်​ ​ပြင်​ဆင်​နေ

alt

ပိုလန်နိုင်ငံတွင် ရေကြီးမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ဝါဆောမြို့တော်မှ မြို့ခံလူထု တစ်သိန်းမျှသည် ၎င်းတို့၏ အိုးအိမ်များကို စွန့်ခွာထွက်ပြေးရန် ပြင်ဆင်နေပြီဟု သိရသည်။

ဗစ်တူလာမြစ်ရေ လျှံတက်လာမှုကြောင့် ဝါဆောမြို့တော်ဝန်က မြစ်ရေစိုးရိမ်အမှတ် သတိပေး ကြေညာချက်ကို ထုတ်ပြန်ထားပြီးဖြစ်သည်။ ထို့အပြင် ရေကြီးမှုများကြောင့် ပိုလန်တွင် သေဆုံးသူ အရေအတွက်မှာလည်း (၁၅)ဦးထိ ရှိလာပြီဟု သတင်းများက ဖော်ပြထားသည်။ မြို့တော်ဝန် ဟာနာဂရွန်ကီဝစ်ဝေါ့က လူတိုင်းလူတိုင်း ပိုမိုဆိုးရွားလာသော အခြေအနေတွင် ဘေးလွတ်ရာသို့ ထွက်ခွာရန် ပြင်ဆင်ထားသင့်ကြောင့် သတိပေး ကြေညာထားသည်။ ပိုလန်သည် ပြီးခဲ့သည့် သီတင်းပါတ်က မိုးများသည်းထန်စွာ ရွာသွန်းပြီးနောက်ပိုင်း ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုများနှင့် ရင်ဆိုင်နေရသည်။ မြောက်ပိုင်းဘော်တစ် ပင်လယ်အတွင်းသို့ စီးဝင်သော မြစ်ချောင်းများမှ ရေများလျှံတက်လာမှုကြောင့် ဝါဆောအပါအဝင် ဒေသအချို့တွင် ရေလျှံမှုများ ဖြစ်ပေါ်နေသည်။

ပလော့မြို့တွင် လူ(၄၀၀၀)ကျော်နှင့် တိရစ္ဆာန် (၅၀၀၀)ကျော်ကို အာဏာပိုင်များက ဘေးလွှတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသည်။ ပလော့ရှိ စိုက်ပျိုးဧရိယာ (၂၀၀၀၀)ကျော်မှာလည်း ရေလွှမ်းကာ ပျက်စီးသွားပြီဖြစ်သည်။ ပိုလန်ပြည်ထဲရေး ဝန်ကြီးဌာနက အစိုးရအနေနှင့် ရေဘေးသင့် ပြည်သူများအတွက် ပေါင်စတာလင် (၃၂)သန်းမျှ ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဟု ကြေညာထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here