အ​မေ​ရိ​ကန်​နှင့်​ ​တောင်​ကို​ရီး​ယား​တို့​ ​ပူး​တွဲ​စစ်​ရေး​လေ့​ကျင့်​မည်

alt

အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ကိုရီးယား ရေလက်ကြားတွင် အဓိက စစ်ရေးလေ့ကျင့်မှုကြီး(၂)ခု ပြုလုပ်သွားရန် စီစဥ်နေကြောင်း သိရှိရသည်။ အိမ်ဖြူတော်က မေလ(၂၄)ရက်နေ့တွင်

သမ္မတ ဘာရတ်အိုဘားမားအနေနှင့် စစ်ဦးစီးများအား တောင်ကိုရီးယားနှင့် ကြီးမားကျယ်ပြန့်သော စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့ကြောင်း ကြေညာသွားသည်။

ပင်တဂွန် စစ်ဌာနချုပ် တာဝန်ရှိသူ တစ်ဦးဖြစ်သော ဘရိုင်ယန်ဝှိုက်မန်းက မကြာမီ ကာလအတွင်း ယင်းပူးပေါင်း စစ်ရေးလေ့ကျင့်မှုများ စတင်လိမ့်မည်ဟု သုံးသပ်ပြောဆိုသွားသည်။ ယင်းလေ့ကျင့်မှုများတွင် တောင်ကိုရီးယား၏ ရေငုပ်သင်္ဘော ရှာဖွေဖျက်ဆီးမှုစွမ်းရည်နှင့် စစ်တပ်ထောက်လှမ်းရေး အရည်အသွေးတို့ကိုပါ စိစစ်သွားရန် ရည်ရွယ်ထားသည်။

မတ်လအတွင်းက တောင်ကိုရီးယား စစ်သင်္ဘောတစ်စင်းမှာ မြောက်ကိုရီးယား ရေငုပ်သင်္ဘောမှ ပစ်လွှတ်လိုက်သည့် တော်ပီဒို ထိမှန်သည်ဟု ယူဆရသည့် အနေအထားတွင် နစ်မြုပ်သွားပြီးနောက် တောင်နှင့်မြောက် နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်လာခဲ့သည်။ တောင်ကိုရီးယားက ယင်းကိစ္စအတွက် မြောက်ကိုရီးယားအား အပြည့်အဝ ဝန်ချတောင်းပန်ရန် တောင်းဆိုထားသော်လည်း ကွန်မြူနစ်နိုင်ငံက တစ်စုံတစ်ရာ မတုန့်ပြန်သေးချေ။ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်ရေး စီမံကိန်းအတွက်လည်း မြောက်ကိုရီးယားက ကန့်ကွက်မှု မရှိသေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here