လင်းဆေး​လို​ဟန်၏ အဖော်အချွတ်ဇာတ်ရုပ် ဇာတ်ကား ပိုစတာများ ထွက်ပေါ်လာ

alt

လင်းဆေးလိုဟန် ပါဝင်သရုပ်ဆောင်မည့် အဖော်အချွတ်စတား မင်းသမီးတစ်ဦး၏ ဘဝ သရုပ်ဖော်ဇာတ်ကား ပိုစတာများ စတင် ထွက်ပေါ်လာပြီဖြစ်သည်။ အသက် (၂၃) နှစ်ရှိ Mean Girl စတား လိုဟန်သည်

Deep Throatဇာတ်ကားဖြင့် (၁၉၇၀)ပြည့်လွန် နှစ်များ အတွင်း နာမည်ကြီးခဲ့သော မင်းသမီး လင်ဒါလိုဗာလေ့ နေရာတွင် ပါဝင် သရုပ်ဆောင်မည်ဖြစ်သည်။

လိုဗာလေ့သည် အဖော်အချွတ်စတား တစ်ဦးအဖြစ် နာမည်ကြီးခဲ့သော်လည်း အသက်အရွယ် ကြီးရင့်လာချိန် (၂၀၀၂)ခုနှစ်အတွင်း ယာဥ်မတော်တဆမှု တစ်ခုဖြင့် မသေဆုံးမီထိ ညစ်ညမ်းရုပ်ရှင် တိုက်ဖျက်ရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ယခုအခါ ဒါရိုက်တာ မက်သရူးဝိုင်းဒါး၏ လိုဗာလေ့အကြောင်း ဖော်ညွှန်းထားသော Infernoဇာတ်ကားကို စတင်​ ရိုက်ကူးနေပြီဖြစ်သည်။ ဇာတ်ကားပိုစတာတွင် လိုဟန်မှာ လိုဗာလေ့၏ ဆံပင်ပုံစံမျိုး ပြုပင်​ ထားသည်ကိုလည်း တွေ့မြင်ရသည်။

လင်းဆေးသည် အဆိုပါဇာတ်ကား ရိုက်ကူးရန်ရှိနေချိန်တွင် တရားရုံးက (၂၀၀၇)ခုနှစ်အတွင်း အရက်မူးပြီး ကားမောင်းသည့်​ ကိစ္စအတွက် ရုံးချိန်လာရန် ပျက်ကွက်မှုကြောင့် လိုဟန်အား အရက်သောက်ပြီး ရမ်းကားတတ်သူအဖြစ် ညွှန်ပြသည့် လက်ပတ်ကို လက်တွင် ပတ်ခိုင်းထားသ​ဖြင့် ရိုက်ကူးရေးတွင် အနည်းငယ် အခက်အခဲ ဖြစ်စေ​ နိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here