နေပူစာလှုံမှု အလွန်အကျွံမပြုလုပ်သင့်ဟု အကြံပေး

alt

ဗြိတိန်နိုင်ငံရှိ အလှမယ်ရွေးပွဲ တစ်ခုတွင် ပါဝင်ယှဥ်ပြိုင်ခွင့် ရခဲ့သော အမျိုးသမီးတစ်ဦးက နေပူစာလှုံမှုကို အလွန်အကျွံ မပြုလုပ်သင့်ကြောင်း သတိပေး ပြောကြားလိုက်သည်။ ယောက်ဒေသ အလှမယ် ရွေးချယ်ပွဲတွင်

နောက်ဆုံးအဆင့်ထိ ပါဝင်ယှဥ်ပြိုင်ဖူးသော အမ်မီဟေးသည် ယခုအခါ အသက်(၂၄)နှစ်အရွယ်ဖြင့်ပင် အရေပြားကင်ဆာ ရောဂါအား ခံစားနေရကြောင်း သိရသည်။

သူမသည် တစ်ပါတ်လျှင် တစ်ကြိမ်ကျ ရောင်ခြယ်ဆိုးဆေး အတုများကို ခန္ဓာကိုယ်အတွင်း ထိုးသွင်းနေရသည်။ သွားဖက်ဆိုင်ရာ ဆေးကျောင်းသူ တစ်ဦးဖြစ်သည့် အမ်မီသည် ခေတ်မီခွဲစိတ် နည်းလမ်းများကြောင့် ကင်ဆာဆဲလ်များ ကိုယ်အတွင်း ပျံ့နှံ့မသွားအောင် ထိန်းထားနိုင်ခဲ့သည်။ ယောက်ရှိုင်းယားမြောက်ပိုင်း ရှယ်ဘီတွင် နေထိုင်သည့် အမ်မီက သူမသည် အခြားသော အမျိုးသမီးများကဲ့သို့ ကြည့်ကောင်းသော ရုပ်ရည်မျိုး ရှိချင်သောကြောင့် တစ်ပါတ်လျှင်တစ်ကြိမ် ဆိုးဆေးများ ကိုယ်အတွင်း ထည့်သွင်းနေရခြင်းဟု ပြောကြားခဲ့သည်။

သူမသည် အလွန်အကြူး နေပူစာ လှုံလေ့ရှိသူ တစ်ဦးဖြစ်ပြီး လွန်ခဲ့သော (၆)လခန့်မှစကာ အရေပြားတွင် ပြောင်းလဲမှုအချို့ ရှိနေသည်ကို သတိထားမိသဖြင့် စစ်ဆေးရာမှ ကင်ဆာဖြစ်နေကြောင်း သိရှိလာခြင်းဖြစ်သည်။ ဆရာဝန်များက အမ်မီသည် နေရောင်တွင်ပါသည့် ခရမ်းလွန်ရောင်ခြည် ပမာဏ အမြောက်အမြား ထိတွေ့မှုကြောင့် ကင်ဆာဖြစ်လာခြင်းဟု အတည်ပြုခဲ့သည်။ အမေရိကနှင့် ဥရောပဒေသများတွင် နေပူစာလှုံခြင်းကို လိုအပ်သော ပမာဏထက် ပိုမိုပြုလုပ်နေခြင်းအတွက် ဆရာဝန်များက ယခင်ကတည်းက သတိပေးမှုများ ပြုလုပ်ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here