ပြင်သစ်ကလပ်လောရီယန့် နောက်ခံလူအား အာဆင်နယ် ခေါ်ယူလို

alt

အာဆင်နယ် အသင်းသည် ပြင်သစ် ကလပ် လောရီယန့်မှ ဗဟို နောက်ခံလူ လောရင့်ကိုစီနီကို စိတ်ဝင်စား နေကြောင်း သိရှိရသည်။ အသက် (၂၄) နှစ်အရွယ် ကိုစီနီသည် မည်သည့် လက်ရွေးစင် အသင်းတွင်မှ

ကိုယ်စား မပြုရသေးသော်လည်း ပိုလန်နှင့် ပြင်သစ်တို့အား စိတ်ကြိုက် ရွေးချယ် နိုင်မည်ဖြစ်သည်။

အရပ် (၆) ပေ၊ (၁) လက်မမြင့်သော ကိုစီနီသည် ပြင်သစ်တွင် နာမည်ကြီး ကလပ် တစ်ခု မဟုတ်သော လောရီယန့်အား အမှတ်ပေး ပြိုင်ပွဲ အဆင့်(၇)တွင် ရပ်တည်နိုင်အောင် ခံစစ်မှ မာကြောစွာ ခြေစွမ်း ပြခဲ့သည်။ ပြီးခဲ့သည့်နှစ်ကမှ လောရီယန့်သို့ ပြောင်းရွှေ့ကြေး ပေါင်(၁.၂)သန်းဖြင့် တူအားမှ ရောက်လာသည့် ကိုစီနီကို အာဆင်နယ်နည်းပြကြီး အာဆင်ဝင်ဂါက ပေါင်(၈)သန်းဖြင့် ခေါ်ယူရန် ပြင်ဆင်နေသည်။ ပြီးခဲ့သည့် ဘောလုံး ရာသီတွင် (၃၅)ပွဲ ကစားခဲ့သည့် ကိုစီနီအား ယမန် နှစ်ကမှ ပေါင်(၁၀)သန်းဖြင့် ခေါ်ယူ ထားသည့် ဘယ်ဂျီယံ ဗဟိုနောက်ခံလူ သောမတ်ဗာမေလန်နှင့် တွဲဖက်ပေးရန် ၀င်းဂါးက စိတ်ကူး ထားသည်။

အာဆင်နယ်သည် လူငယ် အင်အားကို အခြေပြု တည်ဆောက်ထားသည့် အသင်း ဖြစ်သော်လည်း ဗဟို နောက်ခံ လူများဖြစ်သည့် ဝီလျံ ဂါးလက်၊ ဆိုးကင်းဘဲနှင့် မိုက်ကယ် ဆီဗက်စတားတို့မှာ အကျပိုင်း အရွယ်သို့ ရောက်နေပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here