နည်းပညာဈေးကွက်တွင် Appleက Microsoft​ ကို​ ကျော်ဖြတ်ကာ နံပါတ်တစ်​ ဖြစ်လာ

alt

နည်းပညာ​ ရပ်ဝန်းတွင် အကြီးဆုံး ကုမ္ပဏီကြီးအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နေခဲ့သည့် Microsoft​ ၏ နေရာကို Apple​ က သိမ်းပိုက်​ လိုက်ပြီ​ ဖြစ်သည်။ iPad​ ကို ထုတ်လုပ်​ ရောင်းချလိုက်ပြီး မကြာမီမှာပင်

ကယ်လီဖိုးနီးယား အခြေစိုက် ကုမ္ပဏီကြီး၏ ဈေးကွက်​ တန်ဖိုးသည် ဒေါ်လာ(၂၂၂)ဘီလျံထိ မြင့်တက်​ သွားပြီး Microsoft​ မှာမူ ဒေါ်လာ​ (၂၁၉)​ ဘီလျံဖြင့် Apple​ နောက် ရောက်သွားခဲ့သည်။

Apple​ သည် ကွန်ပျူတာများ ထုတ်လုပ်​ ရောင်းချမှုအပြင် လူကြိုက်များပြီး အရောင်း​ သွက်လှသည့် iPhone၊ iPad​ နှင့် iPod​ တို့ကြောင့် ဈေးကွက်တွင် အကြီးအကျယ် အောင်မြင်မှု ရရှိခဲ့သည်။ နည်းပညာ​ ရပ်ဝန်းတွင် အကြီးဆုံး ကုမ္ပဏီကြီး ဖြစ်လာသည့် Apple​ သည် ကမ္ဘာပေါ်တွင်လည်း ဒုတိယ အကြီးဆုံး စီးပွားရေး လုပ်ငန်းစုကြီး ဖြစ်လာသည်။ Apple​ ၏အထက်တွင် ဒေါ်လာ​ (၂၈၂)​ ဘီလျံတန် ရေနံလုပ်ငန်းကြီး ExxonMobil တစ်ခုသာ ရှိတော့ကြောင်း သိရသည်။ Apple​ သည် ဈေးကွက်အတွင်း Microsoft​ ထက် နောက်ဆုံးအသာရဖူးသည်မှာ (၁၉၈၉)​ ခုနှစ်၊ ဒီဇင်ဘာ (၁၉)ရက်နေ့က နောက်ဆုံးဖြစ်သည်။ Microsoftသည် ကမ္ဘာပေါ်ရှိ ကွန်ပျူတာအားလုံးတွင် အသုံးပြုထားသည့် Operating Systemများ၏ (၉၀)​ ရာခိုင်နှုန်းကို ချုပ်ကိုင်​ ထားသော်လည်း ဈေးကွက်​ ရှယ်ယာ တန်ဖိုးမှာ လွန်ခဲ့သည့် နှစ်ပေါင်း​ (၁၀)​ နှစ်ကနှင့် နှိုင်းယှဥ်ပါက (၂၀)​ ရာခိုင်နှုန်း ကျရိပ်​ ပြလာသည်။

Appleသည် ရုန်းကန်ရသည့် အခြေအနေများကို ကျော်ဖြတ်ပြီးနောက် တစထက်တစ အင်အားကြီးထွားလာပြီး Microsoft၏ နေရာကိုပါ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ Microsoftသည် ထုတ်ကုန်များ ရောင်းချမှုတွင်မူ Appleအား အသာရနေဆဲဖြစ်သည်။ ပြီးခဲ့သည့် နှစ်အတွင်း ထုတ်ကုန်ရောင်းချမှုမှ Microsoftက ဒေါ်လာ(၁၄.၅)ဘီလျံ ရရှိခဲ့ပြီး Appleကမူ (၁၃.၅)ဘီလျံသာ ဝင်ငွေရှိခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here