ပို​လန်​တွင်​ ​အ​မေ​ရိ​ကန်​တို့​၏​ ​ပက်​ထ​ရိ​ရော့​ ​ဒုံး​ကျည်​များ​ ​ဖြန့်​ကျက်​ချ​ထား

alt

အမေရိကန် ပြည်ထောင်စုသည် ပိုလန် နိုင်ငံတွင် Patriot ဒုံးကျည်များ ဖြန့်ကျက် ချထားပေးရန် စစ်သည် အင်အား (၁၀၀) ကျော်ကို တာဝန်ယူ တပ်စွဲ စေခဲ့ကြောင်း သိရသည်။ ယင်း တပ်သားများသည် ပိုလန် အနောက် မြောက်ပိုင်း မိုရက်တွင်

တပ်ဖြန့် ထားသည့် ဒုံးကျည် စခန်းများအတွက် တာဝန် ထမ်းဆောင်ရန်ဖြစ်သည်။ အမေရိကန် သံရုံးက ဒုံးကျည် စနစ်အတွက် ကိရိယာများသည် ခရီးစဥ် (၃၇) ခုဖြင့် သယ်ယူမည်ဟု အတည်ပြုခဲ့သည်။

အမေရိကန် အမှတ်(၅)တပ်မမှ စစ်သားများနှင့် အမှတ်(၇) လေကြောင်းကာကွယ်ရေးတပ်မှ စစ်သားများသည် ပိုလန်တွင် တာဝန်ထမ်းဆောင်ရင်း ပိုလန်စစ်သည်များအနေနှင့် Patriotဒုံးစနစ်ကို ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန် သင်ကြားပေးသွားမည်ဟု သိရသည်။ ဒုံးကျည်အခြေစိုက်စခန်းကို ရုရှားနယ်စပ် ကာလင်နင်ဂရက်နှင့် မိုင်(၆၀)မျှအကွာတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ပိုလန်သည် နိုင်ငံရေးနှင့် မဟာဗျူဟာ အကြောင်းပြချက်များကြောင့် ကာလင်နင်ဂရက်သို့ ပိုမိုနီးစပ်သော နေရာတွင် ဒုံးကျည်စခန်း တည်ဆောက်ခြင်းအား ရှောင်ရှားခဲ့ခြင်း ဖြစ်နိုင်ကြောင်း သတင်းများကဆိုသည်။ အမေရိကန် စစ်တပ်သည် ပိုလန်စစ်သည်များအား သင်တန်းပေးရန် အနည်းဆုံး ရက်ပေါင်း(၃၀)မျှ အချိန်ယူရဖွယ် ရှိနေသည်။

အမေရိကန်သည် ပိုလန်သို့ တာတိုနှင့် တာလတ်ပစ် လေကြောင်းကာကွယ်ရေး ဒုံးကျည်များကို ရောင်းချထားခြင်းနှင့် ပတ်သက်ပြီး ရုရှားက ကန့်ကွက်ထားသည်။ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိတစ်ဦးက မိမိတို့သည် ပိုလန်နယ်မြေအတွင်း အမေရိကန်၏ Patrioticဒုံးကျည်များ​ တပ်ဖြန့်​ ချထားမှုအပေါ် အသေအချာ စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။ ၎င်းကပင် ယင်းအခြေအနေသည် ရုရှားနိုင်ငံအတွက် စိတ်ပူစရာ ဖြစ်စေပြီး အမေရိကန်၏ လုပ်ရပ်မှာလည်း လက်ခံနိုင်စရာ မရှိကြောင်း ဝေဖန်ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here