လုပ်ငန်းခွင်တွင် စိတ်ဖိစီးမှုများသူများ ပန်းနာရင်ကြပ် ဖြစ်နိုင်ခြေမြင့်

alt

လုပ်ငန်းခွင်တွင် စိတ်ဖိစီးမှု ခံစား ရခြင်းသည် ပန်းနာ ရင်ကြပ် ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေကြောင်း သုတေသီများက ပြောကြားခဲ့သည်။

လေ့လာမှုများအရ စိတ်ဖိစီးမှု များပြားသော အလုပ်ခွင်တွင် လုပ်ကိုင် နေသူများသည် သာမန်ထက် ပန်းနာ ရင်ကြပ် ဖြစ်နိုင်ခြေ (၄၀) ရာခိုင်နှုန်း မြင့်တက် နေတတ်ကြောင်း သိရှိရသည်။ ဂျာမနီနိုင်ငံ ဟီဒါဘက် တက္ကသိုလ်မှ ပညာရှင်များသည် လုပ်သား (၅၀၀၀) ၏ အလုပ်ခွင် အခြေအနေကို လေ့လာပြီး အလုပ်ကြောင့် စိတ်ဖိစီးမှုနှင့် ပန်းနာ ရင်ကြပ် ရောဂါ ဆက်စပ်မှုကို ပထမဆုံး အကြိမ် သက်သေပြနိုင်ခဲ့သည်။

၎င်းတို့က ပန်းနာရင်ကြပ် မရှိသူများအနက် အလုပ်ခွင်ဖိစီးမှုနှင့် ကြံုရသူ (၄၀)ရာခိုင်နှုန်းသည် အဆိုပါရောဂါ စွဲကပ်လာကြောင်း (၈)နှစ်ကြာ လေ့လာမှုများအရ ဖော်ထုတ် တွေ့ရှိခဲ့သည်။ အလုပ်ချိန်များပြားမှု၊ အလုပ်ခွင်တောင်းဆိုမှု မြင့်မားမှုများနှင့် အလုပ်ခွင်တွင် သက်သောင့်သက်သာ အခြေအနေမရှိမှုများက ယခုလို ပန်းနာရင်ကြပ် စွဲကပ်လာစေခြင်းဖြစ်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး အသေးစိတ် လေ့လာမှုများကို Allergyဆေးပညာ ဂျာနယ်တွင် ရေးသားဖော်ပြထားသည်။

ယခင် လေ့လာမှုများအရ အလုပ်ခွင် ဖိစီးမှုများသည် ခန္ဓာကိုယ်အတွင်း အလက်ဂျစ် ဖြစ်စေသော ဓာတုပစ္စည်းများကို လွှင့်ထုတ်ပေးတတ်ကြောင်း ဖော်ထုတ် တွေ့ရှိပြီး ဖြစ်သည်။ ဗြိတိန်တွင် ပန်းနာရင်ကြပ် စွဲကပ်နေသူ (၅.၄)သန်းထိရှိပြီး နှစ်စဥ်လူပေါင်း (၁၂၀၀)ခန့် အဆိုပါ ရောဂါကြောင့် သေဆုံး နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here