စတီဗင်ဂျာရတ် ဒဏ်ရာရသွားခြင်း အင်္ဂလန်အသင်းအတွက် စိုးရိမ်စရာ

alt

မေလ(၂၇)ရက်နေ့က လေ့ကျင့်ရေး ကွင်းတွင် လီဗာပူး အသင်း ခေါင်းဆောင် ကွင်းလယ်လူ စတီဗင် ဂျာရတ် ထိခိုက် မိသွားခြင်းသည် အင်္ဂလန် လက်ရွေးစင် အသင်း အတွက် စိုးရိမ်စရာ ဖြစ်လာရသည်။

သို့သော်လည်း အက်စတွန်ဗီလာ ကွင်းလယ် ကစားသမား ဂျရတ်ဘာရီ ဒဏ်ရာမှ ပြန်လည် သက်သာလာပြီဟု အင်္ဂလန်နည်းပြ ဖေဘီယို ကာပယ်လိုက အတည်ပြုခဲ့သည်။ အင်္ဂလန် အသင်းသည် ကမ္ဘာ့ဖလားတွင် အောင်ပွဲရရန် မျှော်လင့်ထားရာ အားထားရသည့် အလယ်တန်းသမား ထိခိုက် မိသွားခြင်းမှာ ထိုးနှက်ချက် တစ်ခု ဖြစ်လာခဲ့သည်။ ဂျာရတ်၏ ဒဏ်ရာ အခြေအနေနှင့် ပတ်သက်ပြီး အင်္ဂလန် အသင်းက တိတိကျကျ မကြေညာသေးပေ။ အင်္ဂလန်သည် တောင်အာဖရိက ကမ္ဘာ့ဖလား ပွဲဦးထွက်ကို ဇွန်လ(၁၂)ရက်နေ့တွင် ယှဥ်ပြိုင်ရမည်ဖြစ်သည်။

အင်္ဂလန်၏ အားထားရသော ကစားသမားများဖြစ်သည့် ဂလင်းဂျွန်ဆင်၊ ဂျိမ်းမီနာတို့သည်လည်း ဒဏ်ရာ အနည်းငယ် ရှိနေရာမှ ယခုအခါ ကြံ့ခိုင်မှုအပြည့် လေ့ကျင့်ခန်း ဆင်းနေပြီဟု သိရသည်။ ကာပယ်လိုသည် ကမ္ဘာ့ဖလားအတွက် လူ(၃၀)ပါသော ဆန်ခါတင်စာရင်းကို ရွေးချယ်ပြီး ဖြစ်သော်လည်း မေလ(၃၀)ရက်နေ့တွင် ကမ္ဘာ့ဖလားအတွက် အပြီးသတ် (၂၃)ဦး စာရင်းကို ကြေညာရတော့မည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here