မီလီဆိုင်းရပ်၏ အပြုအမှုများအား ဟောလီးဝုဒ် မင်းသမီးဟောင်း သတိပေး

alt

ဟောလီးဝုဒ် မင်းသမီးဟောင်းကြီး ဒက်ဘီရေးနိုးက တက်သစ်စ လူငယ် ကြယ်ပွင့် အဆိုတော် မင်းသမီးလေး မီလီဆိုင်းရပ်အား လူကြီး ဆန်ဆန် အပြုအမူများ အလျင်စလို မပြုလုပ်ရန် သတိပေး ပြောကြားလိုက်သည်။

ဒက်ဘီက Hannah Montanaစတား မီလီသည် လူကြီးစရိုက် အပြုအမူများကို အရမ်းကာရော ပြုလုပ်နေခြင်းသည် သူမ၏ ကောင်းမွန်သော ဂုဏ်ပုဒ်လေးများကို ညစ်ထေး သွားစေ နိုင်ကြောင်း၊ မီလီ အနေနှင့် သူမအတွက် အလွန် ကြီးမားသော အမှားမျိုး ကြံုလာမည်ကို စောင့်ကြည့် နေသူများ ရှိနေသည်ကို သတိထား သင့်ကြောင်း ထောက်ပြခဲ့သည်။

Pop အဆိုတော်မလေး မီလီသည် Pole Danceကခြင်းနှင့် နောက်ဆုံးသီချင်းဗီဒီယို Can’t Be Tamedတို့တွင် ပါ၀င်သော လှုပ်ရှားမှု ပုံရိပ်များကြောင့် ဝေဖန်မှုများ ခံနေရသည်။ ဒက်ဘီက Globeသတင်းစာ၏ သူမပင်တိုင် ရေးသားနေသော အကြံပေးကော်လံတွင် မီလီမှာ (၁၆)နှစ်သာ ရှိသေးပြီး ဟောလီးဝုဒ်တွင် ကျင်လည်နေကြောင်း၊ သူမတို့ခေတ်က အလွန်တင်းကြပ်သော မိဘများ ရှိခဲ့သော်လည်း ယခုအချိန်သည် (၁၉၅၀)ပြည့်လွန် နှစ်များနှင့် များစွာကွာခြားသွားပြီကို နားလည်ကြောင်း အသက်(၇၈)နှစ်ရှိ ဒက်ဘီက ရေးသားထားသည်။

ထို့အပြင် မီလီနှင့် သူမ၏ မိသားစုသည် အားနည်းချက်ကို ထိုးနှက်ဝေဖန်ရန် အသင့်စောင့်နေသူများ ရှိနေနိုင်ကြောင်း သတိပြုမိစေလိုကြောင်း၊ မီလီသည် အရည်အသွေးရှိသူတစ်ဦး ဖြစ်သော်လည်း ငယ်ရွယ်လွန်းသေးကြောင်း ရေးသားဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here