လွန်ခဲ့သည့်နှစ်၉၅သန်းက ပျံသန်းနိုင်သည့် ဒိုင်နိုဆော ရုပ်ကြွင်း ရှာဖွေတွေ့ရှိ

alt

အာဖရိကတိုက်ရှိ ပူပြင်း ခြောက်သွေ့သော ဆာဟာရ သဲကန္တာရကြီး စိမ်းလန်းစွာ တည်ရှိ နေခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်း (၉၅) သန်းက ကမ္ဘာ မြေပေါ်တွင် အသက်ရှင်ခဲ့သည့် ပျံသန်း နိုင်သော ဒိုင်နိုဆော တစ်မျိုးကို ပညာရှင်များက ဖော်ထုတ် တွေ့ရှိခဲ့သည်။

အိုင်ယာလန်နိုင်ငံမှ ဒဗ္ဗလင်တက္ကသိုလ်၊ ကာဆာဘလန်ကာရှိ ဟာဆန်(၂)တက္ကသိုလ်နှင့် ဗြိတိန်မှ ပို့မောက်စ်တက္ကသိုလ်တို့ရှိ ပညာရှင်များ ပါ၀င်သော သုတေသီအဖွဲ့က တောင်ပံနှစ်ဖက်ကြား (၆)မီတာ အရှည်ရှိသော ဒိုင်နိုဆောမျိုးစိတ်အား ဖော်ထုတ် နိုင်ခဲ့ခြင်းဖြစ်သည်။ ပို့မောက်စ်တက္ကသိုလ်မှ ဒေါက်တာဒေးဗစ်မာတယ်က ယခုတွေ့ရှိသည့် ရုပ်ကြွင်းသည် အာဖရိကဒေသတွင် ပထမဆုံး တွေ့ရှိသည့် တယ်ရိုဆော (လေဟုန်စီးပျံသန်းနိုင်သည့် ဒိုင်နိုဆောမျိုးနွယ်စု) အနွယဝင် ဒိုင်နိုဆောမျိုးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းဒိုင်နိုဆောကို မီးငှက်ဟု အဓိပ္ပါယ်ရသည့် အာရပ်ဘာသာစကား အယ်အန်ကွာနှင့် တွေ့ရှိရာဒေသကို အစွဲပြုပြီး Alanqa saharicaဟု အမည်ပေးထားကြောင်း သိရသည်။

မီးငှက်ဆိုသည်မှာ ဒဏ္ဍာရီလာ ယုံကြည်မှုများအရ မီးသင့်သေဆုံးပြီး ပြာမှုန်များမှ ပြန်လည်နိုးထလာသည့် ငှက်မျိုးဖြစ်သည်။ ထို့အပြင် သုတေသီများသည် မူလက ဖော်ထုတ်တွေ့ရှိပြီးဖြစ်သည့် တယ်ရိုဆောနွယ်ဝင် ဒိုင်နိုဆော နှစ်မျိုး၏ ကျောက်ဖြစ်ရုပ်ကြွင်းများကိုလည်း တူးဖော်ရရှိခဲ့သောကြောင့် တစ်ချိန်က ဆာဟာရတွင် ပျံသန်းနိုင်သည့် ဒိုင်နိုဆောကြီးများ မင်းမူခဲ့ကြောင်း သက်သေပြနိုင်ခဲ့ပြီဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here