တင်း​မာ​မှု​များ​ကြောင့်​ စစ်​ရေး​လေ့​ကျင့်​မှု​များ​ ​အ​ကြီး​အ​ကျယ်​လုပ်​ဆောင်​နေ​သော​ ​အ​စ္စ​ရေး

alt

အရှေ့အလယ်ပိုင်း ဒေသ အတွင်း တင်းမာမှုများ မြင့်တက် လာပြီးနောက် အစ္စရေးသည် ကာကွယ်ရေး ကဏ္ဍအတွက် ကြီးမားသော စစ်ရေး လေ့ကျင့်မှုများ စတင် ပြုလုပ် နေပြီဟု သိရသည်။

ယင်းသည် ဒုံးကျည်ဖြင့် တိုက်ခိုက်မှု၊ ဇီဝ လက်နက်နှင့် တိုက်ခိုက်မှု၊ အကြမ်းဖက် တိုက်ခိုက်မှုများ အတွင်း စစ်တပ်နှင့် အစ္စရေး ပြည်သူများက နိုးကြား လျင်မြန်စွာ တုန့်ပြန် နိုင်င်ရန် ရည်ရွယ် လေ့ကျင့်နေခြင်း ဖြစ်သည်။ အီရန်က ထောက်ခံထားသော စစ်သွေးကြွ တပ်ဖွဲ့ အချို့တို့သည် အစ္စရေးမြောက်ပိုင်းနှင့် တောင်ပိုင်း ဒေသများတွင် လှုပ်ရှားမှုများ ပြုလုပ်နေခြင်း၊ အီရန်၏ နျူကလီးယား စီမံကိန်း တစထက်တစ အရှိန်ကောင်းလာသည်ဟု ယုံကြည်ရခြင်းစသော အခြေအနေများကြောင့် မေလ(၂၃)ရက်နေ့မှ စတင်ကာ (၅)ရက်ကြာ စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ် လာခြင်းဖြစ်သည်။

ယင်းသည် အစ္စရေးသမိုင်းတွင် အကြီးကျယ်ဆုံး လေ့ကျင့်မှုများ ဖြစ်လာသလို အစ္စရေး၏ ပတ်ပတ်လည်ရှိ ရန်သူများ အင်အားကောင်းလာခြင်းကြောင့် စစ်ပွဲအတွက် ရည်ရွယ်ထားကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟူက ပြောကြားခဲ့သည်။ ၎င်းက ယင်းစစ်ရေးလေ့ကျင့်မှု အစီအစဥ်ကို မူလကတည်းက စီစဥ်ထားကြောင်း အတည်ပြုခဲ့သည်။ အစ္စရေးအနေနှင့် တည်ငြိမ်အေးဆေးသော အခြေအနေကိုသာ လိုလားကြောင်း၊ သို့သော်လည်း ဒုံးကျည်များ၏ ခြိမ်းခြောက်မှုနှင့် ကြံုနေရသည့် အခြေအနေတွင် တိုင်းပြည်အား ကာကွယ်ရန်အတွက် လိုအပ်သော လေ့ကျင့်မှုများကို ပြုလုပ်ထားရမည်ဖြစ်ကြောင်း နာတန်ယာဟူက အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားသွားသည်။

အစ္စရေးသည် ယခုနှစ်ပိုင်းအတွင်း ဟားမတ်နှင့် ဟစ်ဇဘိုလာ စစ်သွေးကြွများနှင့် ဆက်ဆံရေးမှာလည်း အဆိုးရွားဆုံးသို့ ရောက်ရှိလာကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here