Twitterတွင် အကျော်ကြားဆုံး အက်ရှ်တွန်ကက်ချာ၏နေရာ ဘရစ်တနီစပီးယား ရယူလိုက်

alt

Twitterဝက်ဆိုက်တွင် ကျော်ကြားလူကြိုက်အများဆုံး Celebrityအဖြစ် ရပ်တည်နေသည့် အက်ရှတွန်ကက်ချာ၏ နေရာကို ဘရစ်တနီ စပီးယားက ရယူလိုက်ပြီဖြစ်သည်။ ဒယ်မီမိုး၏ ချစ်သူဖြစ်သော Just Marriedမင်းသား ကက်ချာသည်

(၂၀၀၈)ခုနှစ်ကတည်းက Twitterတွင် Accountဖွင့်ထားပြီး မိတ်ဆွေ(၁)သန်း ပထမဆုံးပြည့်သူ ဖြစ်လာခဲ့သည်။ သို့သော်လည်း ယခုအခါ Popအဆိုတော် ဘရစ်တနီက ကက်ချာအား ဖြတ်ကျော်သွားပြီဖြစ်သည်။

မေလ(၂၃)ရက်နေ့ထိ စာရင်းအရ ဘရစ်တနီတွင် Onlineပရိသတ် (၄၉၅၅၇၆၄)ဦး ရှိနေပြီး ကက်ချာတွင်မူ (၄၉၄၄၂၂၁)ဦးသာ ရှိနေကြောင်း တွေ့ရသည်။ ဘရစ်တနီက ထိုကဲ့သို့ လူကြိုက်အများဆုံး Celebrityဖြစ်လာခြင်းအား အံ့ဩမိကြောင်း ဝန်ခံပြောကြားခဲ့သည်။ ကက်ချာကမူ ဘရစ်တနီအနေနှင့် Twitterတွင် ၎င်းထက် လူသိများလာခြင်းအပေါ် စိတ်ထဲတွင် တစုံတရာ မခံစားရကြောင်း ပြောကြားခဲ့သည်။

Popဘုရင်မ တစ်ဦးအဖြစ် တင်စားခံရသည့် ဘရစ်တနီနောက်တွင် ဒုတိယရခြင်းမှာ ခံပြင်းရမည့် အနေအထားမျိုး မဟုတ်ကြောင်း၊ မိမိအနေနှင့် Twitterမှတဆင့် ပရိသတ်များနှင့် နွေးထွေးစွာ ထိတွေ့ဆက်ဆံနေနိုင်ခြင်းအား ကျေနပ်ပျော်ရွှင်ကြောင်း ကက်ချာက ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here