အီမိုဒီဇိုင်းဝတ်ဆင်ထားသည့် မိန်းကလေးများအား ဆော်ဒီ ဘာသာရေးရဲဖမ်းဆီး

alt

ဆော်ဒီအာရေဗျမှ ဘာသာရေး ရဲများသည် emo ဒီဇိုင်း ဆင်ယင်ထားသည့် မိန်းကလေး (၁၀) ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဒမ်မန်းမြို့တွင် ကော်ဖီဆိုင် တစ်ခုအတွင်း ကော်ဖီ သောက်နေသော မိန်းကလေးများသည်

သရုပ်ပျက်စွာ ဝတ်စား ဆင်ယင် ထားကြောင်း ဆိုင်ပိုင်ရှင်က ဘာသာရေး ရဲများထံ အကြောင်းကြား လိုက်ပြီးနောက် ယခုလို အဖမ်းခံ ခဲ့ရခြင်းဖြစ်သည်။

မေလ(၂၂)ရက်နေ့က ဖြစ်ပွားခဲ့သော ကိစ္စ အတွက် မိန်းကလေးများ၏ မိဘများက လက်မှတ်ထိုးကာ အာမခံဖြင့် ပြန်လည် လွတ်လပ်ခွင့် ရသွားခဲ့ကြောင်း သိရသည်။ ယင်းမိန်းကလေးများသည် အဖြူနှင့် အနက်ရောင်များဖြင့် emo ဒီဇိုင်းကို ဝတ်ဆင် ထားခြင်းဖြစ်သည်။ သို့သော်လည်း ဆော်ဒီ ဥပဒေအရ ယင်းကဲ့သို့ ဝတ်စုံမျိုးကို အမျိုးသမီးများအား တားမြစ်ထားခြင်းကြောင့် ဘာသာရေး ရဲများက ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

emo ဒီဇိုင်းသည် (၁၉၈၀)ပြည့်လယ်နှစ်များ စတင် ပေါ်ပေါက်လာသည့် စိတ်ခံစားမှု အသားပေး ဂီတ တစ်မျိုးကို အခြေခံထားသည့် ဖက်ရှင်မျိုးဖြစ်ပြီး ယခုအခါ ကမ္ဘာ့နေရာ အနှံ့အပြားသို့ ပျံ့နှံ့စိမ့်ဝင်လျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here