စ​ပိန်​အ​ကောင်း​ဆုံး​နည်း​ပြ​အ​ဖြစ်​ ​ဂွာ​ဒီ​ယို​လာ​ ​ရွေး​ချယ်​ခံ​ရ

alt

စပိန်လာလီဂါ အမှတ်ပေး ဘောလုံး​ ပြိုင်ပွဲ၏ အကောင်းဆုံး နည်းပြ​ အဖြစ် လက်ရှိ​ ချန်ပီယံ ဘာစီလိုနာမှ ပက်ဂွာဒီယိုလာကို ပြိုင်ဖက်​ နည်းပြများက မဲ​​ပေး​ ရွေးချယ်​ ခဲ့ကြောင်း သိရသည်။

စပိန်ဘောလုံးအဖွဲ့ချုပ် BBVAက ကောက်ခံသော စစ်တမ်းအတွက် လာလီဂါအသင်း (၂၀)မှ နည်းပြများ စုပေါင်းရွေးချယ်ခဲ့ပြီး ဂွာဒီယိုလာက ရရှိခဲ့ခြင်းဖြစ်သည်။ ဂွာဒီယိုလာသည် မာယော့ကာနည်းပြ ဂရီဂိုရီ မန်ဇာနိုထက် (၄)မဲအသာရကာ အကောင်းဆုံး နည်းပြအဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။ မန်နိုဇာသည် ရာသီမစမီက တန်းဆင်းရမည်ဟု သတင်းကြီးနေသည့် မာယော့ကာကို အဆင့်(၅)ချိတ်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။ အကောင်းဆုံး စပိန်ဘောလုံးသမား ဆုကိုမူ ဘာစီလိုနာ အလယ်တန်းလူ ဇာဗီဟာနန်းဒက်က (၁၃)မဲဖြင့် ရရှိသွားသည်။ အခြားမည်သည့် ဘောလုံးသမားမျှ (၁)မဲထက် ပိုမရခဲ့ဘဲ ဇာဗီက ပြတ်ပြတ်သားသား နံပါတ်(၁)နေရာ ရသွားခြင်းဖြစ်သည်။

အကောင်းဆုံး နိုင်ငံခြား ကစားသမားဆုကိုလည်း ဘာစီလိုနာမှပင် ရရှိခဲ့ပြီး လာလီဂါ ဂိုးသွင်းဘုရင် လီယွန်နယ်မက်ဆီက ပိုင်ဆိုင်နိုင်ခဲ့သည်။ လာလီဂါတွင် (၃၂)ဂိုး သွင်းပေးခဲ့သည့် အာဂျင်တီးနား လက်ရွေးစင်သည် (၁၆)မဲ ရရှိခဲ့ပြီး အက်သလက်တီကို မက်ဒရစ်မှ ဥရုဂွေး တိုက်စစ်မှူး ဒိုင်ဂိုဖော်လန်နှင့် ဘာစီလိုနာ အသင်းဖော် ဘရာဇီး ညာနောက်ခံလူ ဒင်နီရယ် အဲဗက်တို့ကလည်း (၁)မဲစီ ရခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here