နှလုံး​ ​၃​ ​ကြိမ်​အ​စား​ထိုး​​ ကု​သ​ပြီး​သည်​အ​ထိ အသက်ဆက်​ နေသည့် အိုင်ယာလန်မှ မိန်းကလေး

alt

အသက်(၆)နှစ်သာ ရှိသေးသော အိုင်ယာလန်မှ မိန်းကလေး အေမီ​ ဖာဂူဆန်သည် သူမ၏ အသက်​ အရွယ်တွင် အံ့ဩ​ စရာ ကောင်းလောက်အောင် နှလုံး(​ ၃)​ ခုဖြင့် အသက်ရှင်ခဲ့ပြီး​ ဖြစ်သည်။

သူမသည် (၂)နှစ်အရွယ်ကတည်းက နှ​လုံးအစားထိုး ကုသမှု ပြုလုပ်​ ခဲ့ရသော်လည်း ရှားရှားပါးပါး အခြေအနေတစ်ရပ်ကြောင့် ခန္ဓာကိုယ်က အစားထိုးထားသော နှ​လုံးကို ငြင်းဆန်ခဲ့သည့်အတွက် အပြင်းအထန် နာမကျန်း ဖြစ်ခဲ့ရသည်။ ထို့နောက် ဆရာဝန်များက အကြိမ်ကြိမ် စမ်းသပ်ပြီးနောက် အေမီသည် အသက်ဆက်ရှင်ရန် မလွယ်တော့ကြောင်း မိသားစုအား အသိပေးခဲ့သည်။ အေမီသည် (၂၀၀၆)ခုနှစ်က အပြင်းအထန် နာမကျန်းဖြစ်ခဲ့ပြီးနောက် ဆရာဝန်များက (၂၄)နာရီအတွင်း သေရလိမ့်မည်ဟုပင် ခန့်မှန်းခဲ့ကြောင်း မိခင်ဖြစ်သူ အသက်(၃၉)နှစ်အရွယ် ဗီယွန်နစ်က ရှင်းပြခဲ့သည်။

ဆရာဝန်များက သွေးပြန်ကြောတွင် ပိုးဝင်ခြင်းက အေမီ၏ နှလုံးကို ဖျက်ဆီးခဲ့ကြောင်း မိသားစုအား ရှင်းပြခဲ့သည်။ သူမသည် လန်ဒန်ရှိ ဂရိတ်အော်မွန်ဆေးရုံတွင် ကုသမှု ခံယူခဲ့သော်လည်း အစားထိုးထားသည့် နှလုံးကို ခန္ဓာကိုယ်က လက်မခံသည့် အခြေအနေကို မကုစားနိုင်ခဲ့ချေ။ နောက်ထပ်(၂)နှစ်အကြာတွင် မယ်သက်ပြင်းလေး အေမီသည် အဆိုပါ ဆေးရုံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် ဆရာဝန်များက အေမီအား နောက်ထပ်တစ်ကြိမ် နှလုံးအစားထိုးရန် လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး မိသားစုကလည်း လက်ခံခဲ့သည်။

ရှုပ်ထွေးနက်နဲသော (၉)နာရီကြာ ခွဲစိတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် အေမီသည် အသက်ဆက်ရှင်ခွင့် ရခဲ့သည်။ ဒဏ်ရာများ အလုံးစုံ အထိုင်ကျအောင် စောင့်ဆိုင်းခဲ့ရသည့်နောက် အေမီသည် ပြီးခဲ့သည့် သီတင်းပါတ်က ဒဗ္ဗလင်မြို့တွင် ပျော်ရွှင်စွာ ကျောင်းပြန်တက်နေနိုင်ပြီဖြစ်သည်။ အေမီ၏ ကျန်းမာလာသော အခြေအနေမှာ အလွန်အံ့ဩစရာဖြစ်ကြောင်း ဗီယွန်နစ်က ဝန်ခံခဲ့သည်။ ဂရိတ်အော်မွန်ဆေးရုံက နှစ်စဥ်နှစ်တိုင်း နှလုံးဖောက်ပြန်မှုကြောင့် အပြင်းအထန် နာမကျန်းဖြစ်နေသော ကလေးငယ် အမြောက်အမြားကို တာဝန်ယူ ကုသပေးနေရကြောင်းနှင့် ထိုအတွက် ရံပုံငွေ ပေါင်စတာလင် သန်း(၅၀)မျှလိုအပ်နေပြီး အလှူရှင်များ ပေါ်ထွန်းလာရန် မျှော်လင့်နေကြောင်း ပြောကြားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here