ကိုရီးယား နှစ်နိုင်ငံအရေး ကူညီဖြေရှင်းရန် တရုတ် ဝန်ကြီးချုပ် တောင် ကိုရီးယားသို့ရောက်

alt

တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုကြောင့် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှုများ ဆက်လက် မြင့်တက်နေခြင်းအား ကူညီ ဖြေရှင်းပေးရန် တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင် ကိုယ်တိုင်

တောင် ကိုရီးယားသို့ ရောက်ရှိ လာကြောင်း သိရသည်။

မတ်လ အတွင်းက နစ်မြုပ် သွားသည့် Cheonan စစ် သင်္ဘောကိစ္စ အတွက် ကူညီ ဆောင်ရွက်သွားရန် မေလ (၂၈) ရက်နေ့တွင် ဝန်ကြီးချုပ် ဝမ်မှာ ဆိုးလ်မြို့သို့ ရောက်ရှိလာကာ တောင်ကိုရီးယား သမ္မတ လီမြောင်ဘက်နှင့် တွေ့ဆုံခဲ့သည်။ နိုင်ငံတကာ စုံစမ်း စစ်ဆေးမှုများ အရ ကင်းလှည့် နေရင်း နစ်မြုပ်သွားသည့် Cheonan ကို မြောက် ကိုရီးယား ရေငုပ် သင်္ဘော တစ်စင်းက တော်ပီဒိုနှင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ တရုတ်သည် ၎င်း၏မဟာမိတ်ဖြစ်သည့် မြောက်ကိုရီးယားအပေါ် အရေးယူမှုများ ပြုလုပ်ရန် အမေရိကန်၊ တောင် ကိုရီးယားတို့၏ ဖိအားပေးမှုကို ခံနေရသောကြောင့် ဘေးကြပ်နံကြပ် အနေအထားမျိုး ရင်ဆိုင်နေရသည်။ အထူးသဖြင့် စစ်အေး ကာလ မဟာမိတ်ဖက် ခြေစုံပစ် ရပ်တည်ခြင်းကြောင့် ခေတ်သစ် ကမ္ဘာ၏ အင်အားကြီး နိုင်ငံများနှင့် ထိပ်တိုက်တွေ့မည့် အနေအထားမျိုးမှာ တရုတ်အတွက် ရွေးချယ်ရန် ခက်ခဲစေသော အကြပ်အတည်းမျိုး ဖြစ်လာခဲ့သည်။

Cheonan သင်္ဘော နစ်မြုပ်မှုကြောင့် တောင်ကိုရီးယားတွင် မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံအပေါ် မုန်းတီးမှုများ ပိုမို တိုးပွားလာပြီး ကုလသမဂ္ဂကလည်း ယင်းကိစ္စကို ပိုမို အလေးပေး စုံစမ်း လာခြင်းကြောင့် တရုတ် ၏ ရပ်တည်မှု အနေအထားမှာ စိတ်ဝင်စားဖွယ် အခြေအနေမျိုး ဖြစ်လာနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here